ဒီဇင်ဘာ ၂၉ရက်က အိန္ဒိယနိုင်ငံ အန်ဒြာပရာဒက်ရှ်ပြည်နယ်
အန်န်တာပူရမ်ခရိုင်တွင် နန်ဒက်နှင့် ဘင်္ဂလောသို့ ပြေးဆွဲ နေသည့်ရထားတွင်
မီးစွဲလောင်ခဲ့သဖြင့် အနည်းဆုံး
၂၆ဦးသေဆုံးပြီး၊ ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ မီးလောင်စဉ် ခရီးသည်
အများစုမှာ အိပ်ပျော်နေကြပြီး နိုးလာချိန်တွင် ရထားတစ်တွဲလုံး
မီးခိုးလုံးများ ပိတ်မှောင်နေသည့်အတွက် အဖိတ်အဆင် မျာ ပြားရခြင်း ဖြစ်သည်။
ထိုနေ့ နံနက် ၃နာရီခွဲက အန်န်တာပူရမ်ခရိုင် ကိုသာချာရူဝီကဘူတာအနီးတွင်
ရထားတွဲ မီးလောင်မှုဖြစ်ပွားသည်နှင့် ခရီးသည်အချို့က
အရေးပေါ်သံကြိုးကိုဆွဲကို ရထားကို ရပ်တန့်စေခဲ့သည်။ ကယ်ဆယ်ရေးသမာတို့၏
အဆိုအရ မီးခိုးမွှန်နေသည့်အတွက် မူးမေ့ရာမှ သေဆုံးသည်အထိ
ဖြစ်ရသူများပြားသွားခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို ဒါမန် ၀ါရမ၊
ပူတာပါသီ၊ အန်အန်တာပူရ် ရှိဆေးရုံမျာသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ရထားသည် သောကြာနေ့ည ၁၀နာရီ ၄၅မိနစ်က ဘင်္ဂလောမှ နန်ဒက်သို့ ထွက်လာခဲ့ပြီး
စနေနေ့နံနက် ၃နာရီခွဲတွင် မီးလောင်မှု ဖြစ်ပွးခြင်းဖြစ်သည်။ ယင်းရထားတွဲတွင်
ခရီးသည် ၆၄ဦး လိုက်ပါခဲ့ပြီး အများစုမှာ ကာနန်တာကာ မှ ဖြစ်ကြ သည်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ရထားပို့ဆောင်ရေးနှင့် ပြည်နယ်အစိုးရမျာကို
ယခုဖြစ်ရပ်၏ သားကောင်ဖြစ်ရသူတိုင်း အတွက် ကယ်ဆယ်ရေးနှင့်
ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို တပ်နိုင်သမျှ ဖြည့်တင်းပေးရန်
ညွန်ကြားထားသည်။ မည်သည့်အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားရသည်ကိုမူ
စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာ့ခေတ်
No comments:
Post a Comment