ဆူဒန်တောင်ပိုင်း တွင် နှစ်ရက်ကြာ ဖြစ်ပွားသည့် နှစ်ဖက်အပြန် အလှန် ပစ်ခတ်
တိုက်ခိုက်မှုကြောင့် ခန့်မှန်းခြေ ဦးရေ ၄၀၀-၅၀၀ ကြား ရှိ ပြည်သူ များ
သေဆုံး ခဲ့ကြောင်း၊ ရာဂဏန်းရှိ ပြည်သူများသည် ကြောက်လန့် တကြားဖြင့်
ထွက်ပြေးနေကြ ရကြောင်း
ကုလသမဂ္ဂအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ကမ္ဘာ့ အငယ်ဆုံးနိုင်ငံတွင် ကြီးမားသည့်
လူမျိုးစု အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်းကို အချက်ပြနေခြင်း ဖြစ်ကြောင်း
သံဝန်ထမ်းမဟုတ်ဘဲ နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ သားများ
အနေဖြင့် သတိဖြင့် သွားလာကြ ရန် အမေရိကန်အစိုးရက ထုတ်ပြန်သတိပေးထားသည်။
အပြင်ဘက်သို့ ထွက်ရမည်ကို ကြောက်ရွံ့နေကြောင်း၊ ဈေးသို့ထွက်၍
စားစရာဝယ်ချင်သော်လည်း အပြင်ဘက် တွင် ပစ်ခတ်နေကြသည့်အတွက် ထွက်၍ မရကြောင်း၊
အိမ်တွင်ပင် ကလေးများနှင့်နေရကြောင်း ဂျူဘာ မြို့ခံတစ်ဦးဖြစ်သူ Jane
Kiden က ပြောဆိုသည်။
ယခင်ဒုသမ္မတဟောင်းကို သစ္စာခံသည့် စစ်သားများက
ရေနံတွင်းများသို သိမ်းပိုက်ရန် ကြိုးပမ်းသည့်အတွက်
ယင်းသို့ဖြစ်ရခြင်းဖြစ်ကြောင်း လက်ရှိသမ္မတ Salva Kiir က ပြောဆိုသည်။
ဝန်ကြီးဟောင်းများ အပါအဝင် key figures ၁၀ ဦးကို ဖမ်းဆီးထားကြောင်း
ဆူဒန်အစိုးရက သတင်းထုတ်ပြန်ထားသည်။
MOI Webportal Myanmar
No comments:
Post a Comment