၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ည ၈ နာရီ ၃၀ မိနစ်တွင် အမှတ် (၃၂) မူးယစ်
ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြ၀တီ) မှ တပ်ဖွဲ့ဝင်များ သည်
မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့် အတူ မြ၀တီမြို့၊ ရပ်ကွက် (၁)၊ သောင်း
ရင်း မြစ် ကမ်းဘေး ရေဆိပ် (မိုးကုန်ကင်းစခန်း) တွင် မြ၀တီမြို့၊ ရပ်ကွက်
(၄) နေ ကျော်လှမောင်
(၃၈) နှစ်မောင်းနှင်ပြီး
မြ၀ တီမြို့၊ ရပ်ကွက် (၁)နေ အေးလိ(ခ) သီရိ (၃၀) နှစ် လိုက်ပါသည့်
ဆိုင်ကယ်အား ရပ်တန့် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကျော်လှမောင်
လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အိုက်(စ်) ၁၉၀ ဂရမ်၊ တန်ဘိုးငွေကျပ် (၂၈.၅)
သိန်း၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွယ်ဆေးပြား ၁၉၂ ပြား၊
တန်ဘိုးငွေကျပ်(၅.၇၆) သိန်းအားလည်းကောင်း၊ အေးလိ (ခ)သီရိ၏ လက်ဆွဲ
အိတ်အတွင်းမှ မြန်မာကျပ်ငွေ(၁.၆၆)သိန်းနှင့် ထိုင်းဖုန်းတစ်လုံးတို့အား
လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးများမှာ မြ၀တီမြို့၊ ရပ်ကွက် (၅)၊ ၁၄ ဂိတ် အနီးနေ ဦးပဉ္ဇင်း
ဦးပညာ (ခ) စောလက်ဝါးထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့သည်
မြ၀တီမြို့၊ အာရှလမ်း၊ မြင့်မြတ် စားသောက်ဆိုင် အနီးတွေ့ရှိရသည့် ဦးပဉ္ဇင်း
ဦးပညာ အား ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ သင်္ကန်းလွယ်အိတ် အတွင်းမှ အိုက်
(စ်) ၁၈၀ ဂရမ်၊ တန်ဘိုးငွေကျပ်(၂၇)သိန်းနှင့် WY စာတမ်းပါ ပန်းရောင်
စိတ်ကြွ ရူးသွယ်ဆေးပြား ၁၀၀၀ ပြား၊ တန်ဘိုးငွေကျပ် သိန်း (၃၀) တို့အား
သိမ်းဆည်း ရမိခဲ့သဖြင့် ဦးပညာ (ခ) စောလက်ဝါးအား မြို့နယ် သံဃနာယက အဖွဲ့ဝင်
ဟေမာန်ဦး ဘုန်းကြီး ကျောင်းတိုက်မှ ဆရာတော် ဦးဝါယမရှေ့တွင် သိက္ခာချ
လူဝတ်လဲပေးခဲ့ပြီး ကျော်လှမောင် (ခ) ရခိုင်၊ အေးလိ (ခ) သီရိနှင့် ဦးပညာ (ခ)
စောလက်ဝါး တို့အား မြ၀တီ မြို့မရဲစခန်း မယ (ပ) ၄၈ / ၂၀၁၃၊
မူးယစ်ဆေးဝါးနှင့် စိတ် ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅
/ ၁၉(က) / ၂၀(က) / ၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
MWD
No comments:
Post a Comment