ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာအနီးရှိ စစ်တွေ တက္ကသိုလ် နယ်မြေ
သစ်တွင် တက်ရောက်ပညာသင်ကြား လျှက်ရှိ သည့် ဘာသာရပ် အသီးသီးမှ
ကျောင်းသား/ကျောင်းသူများ အားကစားနည်း များ
အလိုက် လေ့ကျင့်ကစားနိုင်ရန်နှင့် စာသင်နှစ်အလိုက် အားကစားပြိုင်ပွဲ များ
ကို ကျင်းပပြုလုပ်နိုင်ရန်အတွက် အဆိုပါ တက္ကသိုလ်၏ ၀င်းအတွင်း မိုးလုံလေလုံ
အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့ အာရုဏ်ဦး
ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်လျှက် ရှိကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်၏ မိုးလုံလေလုံအားကစားရုံကြီးအား အလျားအကျယ် ၁၂၀ ပေ၊ အနံ ၉၀
ပေ၊ အတွင်း အားကစားဆိုဒ် ၁၂၀ ပေ ၊ အနံ ၆၀ ပေ ရှိကာ
အားကစားပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့် ပရိတ်
သတ်များ အတွက် ပွဲကြည့်စင်(၄)ခုပါရှိမည်ဖြစ်ကြောင်းနှင့်
အားကစားရုံတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုမှာ (၇၀)ရာခိုင်နှုန်း ဖြစ်ပြီး
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးထား၍ အပြီး တည်ဆောက်သွား မည်ဖြစ်ကြောင်း
သိရှိရသည်။
MOI Webportal Myanmar
No comments:
Post a Comment