တာချီလိတ်မြို့၌ အားကစားနည်း (၁၄)မျိုးဖြင့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့
အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအား ဒီဇင်ဘာလ နောက်ဆုံးအပတ်က စ၍
ပြုလုပ်ကျင်းပလာခဲ့သည့်ဖြစ်ရာ ၁.၁.၂၀၁၄ တွင် ကျင်းပပြုလုပ်မည့်
"မာရသွန်"အပြေးပြိုင်ပွဲအား သတ်မှတ်ကျင်းပရက်မှ ၂.၁.၂၀၁၄ သို့ ရွှေ့၍
ကျင်းပမှာဖြစ်ကြောင်း သိရှိရသည်။
မာရသွန်ပြိုင်ပွဲကို
၁.၁.၂၀၁၄ရက်နေ့မှာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြသော်လည်း အဆိုပါနေ့ မတိုင်မီ
ဒီဇင်ဘာလ (၃၁)ရက်မှ (၁)ရက်နေ့ အကူး နှစ်သစ်ကူးကို ကြိုဆိုကြမည့်သူ
များပြားသည့် အတွက် ပြိုင်ပွဲဝင်များ အနေဖြင့်လည်း ကြိုဆိုပါက
ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မှုအား ထိခိုက်နိုင်မည် ဖြစ်သည့်အတွက်
သတ်မှတ်ရက်အား ရွှေ့လိုက်ပြီး ဇန်န၀ါရီလ (၂)ရက်နေ့မှာ
ဆက်လက်ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းသိရသည်။
"နှစ်သစ်ကူးကြိုမဲ့
လူတွေက ည ၁နာရီ ကနေ ၃ နာရီထိ ရှိကြတာဆိုတော့ မာရသွန်မှာ ၀င်ပြိုင်မဲ့
အားကစားသမားတွေလည်း နှစ်သစ်ကိုကြိုမယ်ဆိုရင်သူတို့တွေ အိပ်ရေးပျက်ပြီး
မပြေးနိုင်မှာလည်း စိုးရိမ်ရတယ်လေ၊ နောက်ပြီး
ကရင်နှစ်သစ်ကူးလည်းရှိတယ်ဆိုတော့ ဇန်န၀ါရီလ (၂)ရက်နေ့ကိုပဲ
အားလုံးသဘောတူညီစွာနဲ့ သတ်မှတ်လိုက်တာပါ"ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီမှ
တာဝန်ရှိသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ အများသိသာရန်အတွက်
ရှင်းပြလာသည်။
Tachileik
No comments:
Post a Comment