လက်ရှိကာလဟာ အေးပြီးခြောက်သွေ့တဲ့ ကာလ(ဆောင်းရာသီ)ပါ။ ဒါပြီးရင်
ပူပြီးခြောက်သွေ့ တဲ့ကာလ(နွေရာသီ)လာပါဦးမယ်။ ဒီလိုခြောက်သွေ့တဲ့ကာလတွေမှာ
အရှေ့တောင်အာရှဒေသတွေ မှာ ဖြစ်တတ်တဲ့သဘာဝဘေးတစ်ခု ကတော့ တောမီး လောင်ခြင်း
(Forest Fire) နဲ့ သူ့ရဲ့ အကျိုးဆက် အဖြစ် မီးခိုးငွေ့များ (Smoke)ရဲ့
ထိခိုက်မှုများဖြစ်ပါတယ်။ တစ်ခါတစ်ရန် ဒီ Smoke တွေ ဟာ နိုင်ငံ
တစ်နိုင်ငံမှနစ်နိုင်ငံ နယ်စပ်တွေကို ကျော်ဖြတ်လာတတ်လို့
နယ်စပ်ကျော်ဖြတ်မီးခိုးငွေ့များ (Transboundary Smokes) လို့ခေါ်ကြပါတယ်။
မလေးရှား၊ စင်္ကာပူ၊ ဘရူးနိုင်း စတဲ့နိုင်ငံတွေဟာ အင်ဒိုနီးရှားနိုင်ငံက
တောမီးလောင် မှုများ က ထွက်လာတဲ့ ဒီမြူမီးခိုးငွေ့တွေရဲ့ဒဏ်ကို ခံရတာ
အလူးအလဲပေါ့။ မြန်မာနိုင်ငံမှာလ့ည်း ထိုင်းနိုင်ငံမြောက်ပိုင်းက
မီးခိုးငွေ့တွေ ၀င်လာလို့ ဟဲဟိုးလေဆိပ်ကို တစ်ပတ်လောက်ပိတ်ထား ခဲ့ရဘူးတယ်။
(၂၂-၁၂-၂၀၁၃)ညနေ(၃)နာရီခန့်က အမေရိကန် NOAA-18 ဂြိုဟ်တုက ရိုက်ယူပေးတဲ့
Thermal Sensor ပုံအရ တောမီးလောင်နေတဲ့နေရာ (၅)ခုကို
စစ်ကိုင်းတိုင်းအလယ်ပိုင်းလောက်မှာတွေ့ရပါတယ်။ လက်ရှိအချိန်ဟာ ပူပြင်းတဲ့
အချိန်မဟုတ်သေးတော့ တောမီးလောင်တာထက် လယ်ယာနဲ့တောင်ယာ လုပ်ငန်းများအတွက်
လယ်ယာများကို မီးရှို့ရာမှထွက်လာတဲ့ မီးခိုးငွေ့တွေဖြစ်ဖို့ များပါတယ်။
ဘာဘဲပြောပြော မီးခိုးငွေ့တွေ ထွက်လာတာဟာ ဓါတ်ငွေ့ထုတ်လွှတ်ခြင်းမို့ ကမ္ဘာကြီးပူနွေးမှုကိုတော့ တိုးစေနှိုင်ပါတယ်။
ဓါတ်ပုံကရတဲ့ အခြားအရေးကြီးတဲ့ အချက်အလက်ကတော့ မြေပြင်အပေါ်မှာဖြစ်နေတဲ့
အပူချိန်တွေကို သိနှိုင်ခြင်းပါဘဲ။ ပုံမှာ ကုန်းမြင့်ဒေသတွေဖြစ်တဲ့
ချင်းတောင်တန်း၊ ရှမ်းကုန်းမြေမြင့်၊ ကချင်တောင်တန်း၊ ပဲခူးရိုးမ တို့အပြင်
ကယားးပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကရင်ပြည်နယ်။ တနင်္သာရိတိုင်း၊
မွန်ပြည်နယ်၊ မကွေးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း
စတဲ့ဒေသတွေမှာ အအေးပိုနေတာ ကိုတွေ့ကြရပါတယ်။
27th SEA GAME မှာ
နိုင်ငံတော်သီချင်းကို အကြိမ်(၈၀)ကျော် ဖွင့်ဖွင့်သွားလို့
"ဒါ..ဒို့ပြေ(ပြည်)..၊ ဒါ..ဒို့မြေ..၊ ဒို့..ကာကွယ်မလေ" ဆိုတာကို
ခဏခဏကြားနေရပါတယ်။ ကြားရတိုင်းလည်း ကြည်နူးမှုနဲ့အတူ ပီတိတွေဖြစ်ရပါတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အရတော့
" ဒါ..ဒို့...ပြေ၊
..ဒါ..ဒို့မြေ" လောက်ထိန်းသိမ်းရုံလောက်နဲ့တော့ မရတော့ဘူး ထင်ပါတယ်။
တကယ်ထိန်းသိမ်းရမှာကတော့.. "ဒါ..ဒို့ပြေ၊ ဒါ..ဒို့မြေ၊ ဒါ..ဒို့ရေ၊
ဒါ..ဒို့..လေ၊ ဒါ..ဒို့ ......." တွေကိုပါ ထိန်းသိမ်းဖို့ လိုနေပါပြီဗျာ။
ဒေါက်တာထွန်းလွင်
No comments:
Post a Comment