လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော
(၁၀)အိမ်စုမှူးအား ဘီယာပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ်
စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ဖယောင်းစက် အောက်လမ်း နေ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိ တစ်ဦးတို့သည်
ည(၉)နာရီဝန်းကျင်တွင် သောက်စားမူးယစ်ကာ နယ်မြေအတွင်းရှိ
သံပန်းသံတံခါးများကို ဘီယာပုလင်းများနှင့် လိုက်လံရိုက်နှက်
ဆူပူသောင်းကျန်းနေသည်ကို (၁၀)အိမ်စုမှူးဖြစ်သူမှ မဆူညံရန် ပြောကြားရာမှ
၎င်းတို့(၃)ဦးကိုင်ဆောင်လာသော ဘီယာပုလင်းများနှင့် ပစ်ပေါက်ခဲ့ရာ
(၁၀)အိမ်စုမှူးခေါင်းပေါက်ပြဲကာ လားရှိုးပြည်သူ့ဆေးရုံကြီး၌
ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။
“ကျွန်တော်က (၁၀)အိမ်စုမှူးလည်းဖြစ်တော့ ကိုယ့်ရပ်ကွက်သားတွေပဲ ဆိုပြီးတော့ မင်းတို့တွေကွာ ညဥ့်နက်နေပြီ မဆူကြပါနဲ့တော့
ပြန်ကြပါတော့ကွာလို့ပြောတာကို ဒီကောင်တွေက ခင်ဗျားက ဘာကောင်မို့လို့ပြောရ တာလဲ ဆိုပြီးတော့ဆက်သောင်းကျန်းနေပါတယ်၊
ဒါနဲ့ ကျွန်တော်လည်း (၉း၁၅)နာရီ အချိန်မှာ ရဲစခန်းကို ဖုန်းဆက်
တိုင်လိုက်တာ၊ ဒါကို ဒီကောင်တွေကသိသွားပြီး ခင်ဗျားကဘာမို့လို့
ဖုန်းဆက်ရတာလဲ၊ သတ္တိရှိရင် ခြံတံခါးဖွင့်ပြီးထွက်ခဲ့ဆိုပြီး ခဲတွေ
ဘီယာပုလင်းတွေနဲ့ ပစ်ပေါက်တော့တာပဲ၊ အဲဒါတွေခြံထဲမှာရှိသေးတယ်၊ ကျွန်တော်
မရှင်းခိုင်းသေးပါဘူး၊ ကျွန်တော်ကတော့ သူတို့ပစ်ပေါက်တဲ့ ဘီယာပုလင်းထိပြီး
ဘယ်ချိုစောင်းကွဲသွားတယ်၊ ချုပ်ထားရပါတယ်” ဟု (၁၀)အိမ်စုမှူး ဦးရန်နိုင် က
ပြောသည်။
အဆိုပါမူးယစ်ရမ်းကားနေသူ မောင်ဝင်းရှိန်၊ ဦးတီပွား
နှင့် အမည်မသိသူ ၎င်းတို့(၃)ဦးအား မြို့မရဲစခန်းမှ(ပ)၅၃၂/၁၃ ပုဒ်မ ၂၉၄ ၊ ၃၂၅၊
၁၁၄ အရ အမှုဖွင့် အရေးယူဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း
ရဲမှတ်တမ်းအရသိရသည်။
စိုးမင်းနိုင်
The Myanma Age
No comments:
Post a Comment