အဆိုပါမြို့၏ အဓိက မီးရထားဘူတာရုံတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု
ဖြစ်ပွား အပြီး နောက်တစ်ရက်တွင် ဘတ်စ်ကားပေါ် ပေါက်ကွဲမှု
ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
ရုရှားနိုင်ငံတောင်ပိုင်း
ဗော်လ်ဂိုဂရက်ဒ်မြို့ တွင် ကောင်းကင်ကြိုးလျှပ်စစ်ဓာတ် အားဖြင့်
မောင်းနှင်သော ဘတ်စ်ကားတစ်စီးပေါ်၌ ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး
လူ ၁၅ ဦးသေဆုံးသွားသည်။ အဆိုပါမြို့၏ အဓိက မီးရထားဘူတာရုံတွင်
အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားအပြီး နောက်တစ်ရက်တွင် ဘတ်စ်ကားပေါ်
ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။ ယနေ့ ပေါက်ကွဲမှုမှာ
အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ယူဆသည်။
အစောပိုင်းသတင်းများအရ ဘတ်စ်ကားပေါ် ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး
အခြား လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Interfax သတင်းဌာနက ပြောကြားခဲ့ပြီး
သေဆုံးသူအရေအတွက် တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။
ဘတ်စ်ကားပေါ်တွင်
ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ အလွန်ပြင်းထန်ကြောင်းနှင့် ဘတ်စ်ကားမှာ
လုံးဝပျက်စီးသွားကြောင်း သတင်းများကဆိုသည်။ ပေါက်ကွဲမှုမှာ အသေခံဗုံးခွဲမှု
ဖြစ်နိုင်ကြောင်း သိရသည်။ တနင်္ဂနွေနေ့က ဗော်လ်ဂိုဂရက်ဒ်မြို့
မီးရထားဘူတာရုံတွင်လည်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၇ ဦး
သေဆုံးခဲ့သည်။ ရုရှားတွင် ဖြစ်ပေါ်ခဲ့သည့် လတ်တလော
ဗုံးပေါက်ကွဲမှုများကြောင့် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ရုရှားနိုင်ငံ
ဆိုချီမြို့တွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ
လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
Planet Myanmar Network
No comments:
Post a Comment