ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဖြစ် တဲ့ မော်ရင်ဟိုနဲ့ နောက်ထပ်တခါထပ်မံ
အလုပ်တွဲလုပ်ခွင့်ရခဲ့မယ် ဆိုရင် ပျော်ရွှင်မိမည်ဖြစ်ကြောင်းကို စီရော်နယ်ဒိုကပြောကြားခဲ့ ပါသည်။
မော်ရင်ဟိုဘာနေဗျူးမှ ချယ်လ်ဆီးသို့ ထွက်ခွာခါနီး နောက်ဆုံးရာသီမှာ
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ခပ်တန်းတန်းနဲ့ တစိမ်းဆန်ခဲ့သလို
သတင်းထွက်ပေါ်ခဲ့တာကြောင့် A Bola TVမှမော်ရင်ဟိုအပေါ် ခွင့်လွတ်
နားလည်နိုင်ပြီလားဆိုတဲ့ မေးခွန်းအပေါ်သူက
"ကျွန်တော် လူတိုင်းကို
ခွင့်လွတ်နားလည်ပေးထားပါတယ်။ ကျွန်တော်တို့ သဘောထားခြင်းမတိုက်ဆိုင်လို့
အငြင်းပွားခဲ့တာမျိုးလည်းမရှိခဲ့ပါဘူး၊ ပြီးတော့ ကျွန်တော်သူတစ်ပါးရဲ့ 
အားနည်းချက်ကိုဘယ်တော့မှလည်း ပြောလေ့မရှိပါဘူး" ဆိုပြီးပြောခဲ့သည်။
ပြီးတော့သူကဆက်ပြီး "ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ထပ်ပြီးလည်း
မော်ရင်ဟိုနဲ့ လက်တွဲ အလုပ်လုပ်ချင်တယ် ပြီးတော့
ကျွန်တော်အတူတူတွဲလုပ်ခဲ့ဖူးတဲ့ ဆာအဲလက် ဖာဂူဆန်၊ပယ်လီဂရီနီ၊ ဘိုလိုနီ
စတဲ့နည်းပြတွေနဲ့လည်း အလုပ်တွဲလုပ်ချင်ပါသေးတယ်။ ကျွန်တော် သူတို့တွေဆီက
ပညာတွေအများကြီးရခဲ့တယ်" ဟု စီရော်နယ်ဒိုက ပြောပြခဲ့ပါသည်။
လက်ရှိမှာ စီရော်နယ်ဒိုသည် ယခုနှစ်အတွက်
ဖီဖာတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတွက်
ဇကာတင်သုံးဦးစာရင်းတွင်ပါဝင်ခဲ့ပြီးသူ့အနေနဲ့လည်း ဖီဖာ Ballon d'Or
ဆုအပေါ်ချစ်မြတ်နိုးကြောင်း ဖွင့်ဟသွားခဲ့ပါသည်။
" အရင်နှစ်တွေ၊
ဟိုးအရင်နှစ်တွေတုန်းကလိုမျိုးဘဲ ကျွန်တော်အမြဲတမ်း ဒီဆုနဲ့ ထိုက်တန်အောင်
ကြိုးစားခဲ့တယ်၊ ပေးဆပ်ခဲ့တယ်လို့ဘဲ စဉ်းစားမိတယ်။ ကျွန်တော်နှစ်တိုင်းလည်း
ဒီဆုပေးပွဲမှာ အောင်ပွဲခံရမှာကို နှစ်သက် မိခဲ့တယ်"
ဆိုပြီးပြောခဲ့ပါသည်။ အသက် (၂၈)နှစ်အရွှယ်ရှိပြီသည့် စီရော်နယ်ဒိုသည်
ရာသီအစတွင် လာလီဂါ (၁၆)ပွဲကစားအပြီးသွင်းဂိုး (၁၈)ဂိုးအထိရယူထားပြီး
တံကောက်ကြောဒဏ်ရာမှ ပြန်လည် သက်သာ လာပြီးနောက်မှာ
နောက်ထပ်သွင်းဂိုးစံချိန်ကောင်းတွေရအောင်ကြိုးစားနေ လျှက်ရှိပါသည်။
Written by မိုးတိမ် (တမာမြေ)
FOOTBALL CAFE
No comments:
Post a Comment