ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး
ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေး နေပြီဖြစ်ကြောင်း
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က
ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါ
ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများကို ခေါ်ယူစစ်ဆေးနေသည့် အဆင့်သာရှိနေပြီး
ပါဝင်ပတ်သက်မှု မရှိသူများကိုလည်း ပြန်လည် လွှတ်ပေးနေကြောင်း သိရှိရသည်။
“ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်စဉ်ကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက် နေတယ်။
ထပ်မံပြီးတော့ မဖြစ်ပွား အောင်လည်း ရဲလုပ်ငန်းတွေအရ ပြင်ဆင်ထားပြီး
ဖြစ်တယ်။ မသင်္ကာလို့ ခေါ်ယူစစ်ဆေးတဲ့ တချို့လူတွေဆိုရင် စစ်ဆေးတဲ့ အခါမှာ
ခက်ခဲမှုတွေရှိတယ်။ အခုလက်ရှိ စစ်ဆေးလို့ ရရှိတဲ့ အချက်အလက်တွေကို
သတင်းထုတ်ပြန်ပေးဖို့ စောပါသေးတယ်။ အခုသံသယရှိလို့ စစ်ဆေးတဲ့ သူတွေထဲမှာ
ကျူးလွန်သူ ပါဝင်တယ် ဆိုတာကတော့ ပြောဖို့စောပါသေးတယ်” ဟု ရှမ်းပြည်နယ်
ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဆိုသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့ စိန်ပန်းရပ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး၊ လမ်းသွယ်စည်ပင် ဆောက်လုပ်ရေး
လုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ ဂေဟာကြားရှိ လမ်းဘေး
ရေမြောင်းငယ်အတွင်း လက်လုပ်မိုင်း တစ်ခုကို ဒီဇင်ဘာ ၂၅ ရက်
မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာမှ
ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းလမ်းဘေး ရေမြောင်းငယ်
အတွင်း၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ် တစ်ခုကို တွေ့ရှိခဲ့ရသည်ဟု စည်ပင်ဝန်ထမ်း
တစ်ဦးမှ သတင်းပေး တိုင်ကြားချက်အရ သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာတွင်
အဆိုပါ လက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment