အသက်(၃၇)နှစ် ရှိပြီဖြစ်သည့် အင်တာမီလန်၊ အေစီမီလန်နှင့် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းသည် အသက်(၂၈)နှစ်အရွယ် ပေါ်လာမိုရာရစ်ကို လက်ထပ်တော့မည်ဟု သိရသည်။
စတုတ္ထအကြိမ်မြောက် မင်္ဂလာပွဲ နွှဲဦးမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ရော်နယ်လ်ဒို
ဘရာဇီးလ် ဂန္ထဝင် တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒို ဒီလာမာ အနေဖြင့် ၎င်း၏ဘဝတွင် စတုတ္ထ အကြိမ်မြောက် မင်္ဂလာပွဲကို ဆင်နွှဲရန် ပြင်ဆင်နေပြီ ဖြစ်သည်။ အသက်(၃၇)နှစ် ရှိပြီဖြစ်သည့် အင်တာမီလန်၊ အေစီမီလန်နှင့် ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းသည် အသက်(၂၈)နှစ်အရွယ် ပေါ်လာမိုရာရစ်ကို လက်ထပ်တော့မည်ဟု သိရသည်။ ရော်နယ်လ်ဒိုက လက်ထပ်ခွင့် ပန်ခဲ့ချိန်တွင် DJတစ်ဦးဖြစ်သည့် ပေါ်လာက လက်သင့်ခံခဲ့သည့်နောက် ယင်းတို့နှစ်ဦး တရားဝင် နီးစပ်ရေးအတွက် ရော်နယ်လ်ဒိုက အားထုတ် ကြိုးပမ်းနေပြီဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။ ယင်းအိမ်ထောင်ပြုမှုသည် ရော်နယ်လ်ဒို၏ ဘဝတွင် စတုတ္ထအကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်လာမည် ဖြစ်သည်။
ရော်နယ်လ်ဒိုသည် ပေါ်လာ၏ အသက်(၂၈)နှစ်ပြည့် မွေးနေ့တွင် Romanticဆန်ဆန် လက်ထပ်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။ ပေါ်လာ၏ မွေးနေ့တွင် လူအများက ကောင်းချီးပေး အော်ဟစ်နေချိန်၌ ရော်နယ်လ်ဒိုက လက်စွပ်လေးတစ်ကွင်းကို ထုတ်ယူကာ လက်ထပ်ခွင့် တောင်းနေသည့် ဗီဒီယို တစ်ခုကို Instagramတွင် လွှင့်တင်ထားခဲ့သည်။ ထို့နောက်ပိုင်းတွင် ရော်နယ်လ်ဒိုက နှစ်ဦးဆင်တူ လက်စွပ်ဝတ်ထားသည့် လက်နှစ်ဖက်၏ ပုံကိုလည်း Istagramတွင် ပြသထားပြီး "ပေါ်လာရေ၊ မင်းကိုသိပ်ချစ်တယ်"ဟု ရေးသားထားကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment