Pages
▼
26.7.13
သြဇီတေးဂီတအဖွဲ့ Air Supply မြန်မာပြည်လာမည်
သြစတြေးလျဂီတအဖွဲ့တစ်ခုဖြစ် သော
Air Supply ဖျော်ဖြေပွဲကို လာမည့် သြဂုတ်လ ၁၅ရက်နေ့တွင် မင်းဓမ္မလမ်းရှိ
မြန်မာကွန်ဗင်းရှင်း စင်တာ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုပွဲကို
ပုဂံအန်တာတိန်းမန့်နှင့် ထူးဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့ စီစဉ်ခဲ့သော ယခင်နိုင်ငံတကာပွဲဖြစ်သည့် မိုက်ကယ်လ်လန်း ပွဲလောက် ဈေးကြီးမည် မဟုတ်ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်ဟု သိရသည်။
၂၀၁၅ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဂျပန် ထိပ်ဆုံးရောက်နိုင်
မြန်မာနိုင် ငံနှင့် ဂျပန်နိုင်ငံအစိုးရမှ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ
သဘောတူညီမှုကို မကြာခင်ကာလအတွင်း လက် မှတ်ရေးထိုးမည်ဖြစ်သည့်အတွက် လာမည့် ၂၀၁၅ခုနှစ်တွင် ဂျပန် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ တခြား နိုင်ငံများအား ဖြတ်ကျော်ကာ အ မြင့်ဆုံးအနေအထားသို့ ရောက်ရှိ နိုင်မည်ဖြစ်သည်ဟု အမျိုးသား စီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်
ဦးအောင်နိုင်ဦးက ဇူလိုင် ၂၅ရက်သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်ရုပ်ရှင်၊ဗိုလ်ချုပ်မိခင်အမည်မှန်နဲ့ သုတေသန
“ဒီဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည်
အကူအညီတောင်းထားတာ ကြာပြီပေါ့နော် ။ အခုသူကဇာတ်ညွှန်း
ပေးဖတ်တယ် ။ ဇာတ်ညွှန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိခင် ဒေါ်ခင်စုလို့
ရေးထားတယ် ။ အဲ့ဒီ ကိစ္စလည်းပါတယ် ။ အဲ့ဒါနဲ့ သွားပြီးတော့
ယဉ်ကျေးမှု က ဒုညွှန်ချုပ် ဦးသိန်းလွင်တို့ ကျွန်တော်တို့ တစ်သက်လုံး
ဗျာတဲ့ ဦးဖာ ၊ ဒေါ်စု ဆိုပြီးကြီးလာတာ ။ ဇာတ်ညွှန်းထဲမှာ ဒေါ်ခင်စု
ဖြစ်နေတယ် ။ ခင်ဗျားတို့ Confirmation လုပ်ပေးပါ ။
အကူအညီတောင်းထားတာ ကြာပြီပေါ့နော် ။ အခုသူကဇာတ်ညွှန်း
ပေးဖတ်တယ် ။ ဇာတ်ညွှန်းထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိခင် ဒေါ်ခင်စုလို့
ရေးထားတယ် ။ အဲ့ဒီ ကိစ္စလည်းပါတယ် ။ အဲ့ဒါနဲ့ သွားပြီးတော့
ယဉ်ကျေးမှု က ဒုညွှန်ချုပ် ဦးသိန်းလွင်တို့ ကျွန်တော်တို့ တစ်သက်လုံး
ဗျာတဲ့ ဦးဖာ ၊ ဒေါ်စု ဆိုပြီးကြီးလာတာ ။ ဇာတ်ညွှန်းထဲမှာ ဒေါ်ခင်စု
ဖြစ်နေတယ် ။ ခင်ဗျားတို့ Confirmation လုပ်ပေးပါ ။
လားဟူ ပြည်သူ့စစ် ခေါင်းဆောင်ကို ထိုင်း ဘတ် ၅ သန်း ဆုငွေထုတ်ရန် စီစဉ်နေ
မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်သည် ဟူသော
စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း
အခြေစိုက် လားဟူ ပြည်သူ့စစ်ခေါင်းဆောင် ဦးယင်ဆေးအား ဖမ်းမိရေး အတွက် ထိုင်း
အစိုးရက ဘတ် ငွေ ၅ သန်း ဆုငွေ ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နယ်အ၀ယ်များ ဆင်းမလာ၍ တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့သော ကားပြပွဲ၌ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများသာ အရောင်းအ၀ယ်ဖြစ်
လက်ရှိအချိန်တွင် ဈေးကွက်အေးစက်နေပြီး နယ်အ၀ယ်များ ဆင်းမ လာသောကြောင့်
ဇူလိုင် ၂၀ ရက် မှ ၂၃ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပခဲ့သည့်
ကားအရောင်းပြပွဲတွင် 4 WD များ မရောင်းရဘဲ အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများသာ
အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ပြပွဲတွင် ၀င်ရောက်ပြ သခဲ့သည့် ကားအရောင်းစင်တာများမှ သိရှိရ သည်။
"တေးသံရှင် ဒေါ်မာမာအေးနှင့် ဦးဘုန်း(ဓာတု) တို့ရဲ့စာအုပ် လက်မှတ်ရေး ထိုးပွဲ "
အင်းဝစာအုပ်တိုက် နှင့် လင်းလွန်းခင်စာပေတို့ ပူးပေါင်းတင်ဆက်ဖြင့်
တေးသံရှင် ဒေါ်မာမာအေး၏ စာအုပ်များနှင့် ဦးဘုန်း(ဓာတု) မန္တလေး၏
စာအုပ်များအမှတ်တရလက်မှတ်ရေးထိုးပွဲအခမ်းအနားကို
ဇူလိုင်လ ၂၆ ရက်၊ညနေ ၃ နာရီက ပန်းဆိုးတန်းလမ်းမရှိ၊ အင်းဝစာအုပ်တိုက်တွင်
ကျင်းပခဲ့ပါတယ်။ တေးသံရှင် ဒေါ်မာမအေးက ရင်ဖွင့်ကြည့်ပါသူငယ်ချင်း၊ မမအေးတို့တေးဥယျာဉ်၊ ပြောပြစရာတွေလဲ တစ်ပုံကြီး စာအုပ်များကိုလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန
နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့
ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။
နေ့စဉ်မိုးလေ၀သသတင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့
ညေ န(၄း၀၀)နာရီအချိန် ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်။
စပိန်မီးရထား မတော်တဆမှုမှ ဒဏ်ရာရသူများအတွက် ရော်နယ် ဒို သွေးလှူဒါန်းဟုဆို
ရီးယဲလ်မက်ဒရစ် အသင်း၏ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ကိုယ်တိုင်ကမူ
ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိချေ။ အင်တာနက်တွင်
သတင်းဌာန အချို့က သွေးဖောက်မှုကို ခံယူနေသည့် ရော်နယ်လ်ဒို၏ ဓာတ်ပုံနှင့်အတူ
၎င်း၏ သွေးလှူမှု သတင်းကို ဖော်ပြနေ
ပုသိမ်တွင် ရန်ကုန် ပန်းထိမ်ငိုပန်း အရောင်းသွက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပန်းဈေးကွက် ၇အတွင်းသို့ ရန်ကုန်မြို့မှ
ပန်းထိမ်ငိုပန်း ဝင်ရောက် မှုများပြီး အရောင်း သွက်နေကြောင်း
ပုသိမ်မြို့ရှိ ပန်းအရောင်းဆိုင်များထံမှ စုံစမ်း သိရှိရသည်။
ဟင်္သာတ၊ ကျောင်းကုန်းနှင့် ရေကြည်မြို့နယ်တို့မှ ပန်းထိမ်ငိုပန်းများ ပုသိမ် ပန်းဈေးကွက်သို့ ရောက်ရှိ သော်လည်း ရန်ကုန် ပန်းကဲ့သို့ လူကြိုက် မများကြောင်း ပန်း ရောင်းချသူများက ပြောကြားသည်။
ဟင်္သာတ၊ ကျောင်းကုန်းနှင့် ရေကြည်မြို့နယ်တို့မှ ပန်းထိမ်ငိုပန်းများ ပုသိမ် ပန်းဈေးကွက်သို့ ရောက်ရှိ သော်လည်း ရန်ကုန် ပန်းကဲ့သို့ လူကြိုက် မများကြောင်း ပန်း ရောင်းချသူများက ပြောကြားသည်။
ဗြိတိန်တော်ဝင် မင်းသားငယ်လေးအား အမည်မှည့်ခေါ်ပြီးစီး
ဗြိတိန် တော်ဝင်မျိုးနွယ်ဖြစ်တဲ့ အိမ်ရှေ့မင်းသား ၀ီလျံနဲ့ ကြင်ယာတော်
ကိတ် တို့ရဲ့ ပထမဆုံး မွေးဖွားခဲ့တဲ့ သားဦးကိုဂျော့ဂ်ျအလက်ဇန်းဒါး
လူးဝပ်စ်လို့ အမည်ပေး ကင်ပွန်းတပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့
နန်းတော်မှ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားဝင်
ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
မြို့သာစီမံကိန်းအတွင်းရှိ ရပ်တော်မူရုပ်ပွားတော် တည်ထားရေး ဖျက်သိမ်းခိုင်းဟုဆို
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် တည်ဆောက်မည့်
မြို့သာစက်မှုဇုန် ဥယျာဉ် စီမံကိန်းဧရိယာ နယ်မြေအတွင်း ပါသည်ဟုဆိုသည့်
ရာဇဝင် တောရကျောင်းတွင် တည်ဆောက်နေသည့် သုမနရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို
မြို့နယ် မြေစာရင်းဌာနက ဖျက်သိမ်းခိုင်းခဲ့ကြောင်း ယင်းရပ်တော်မူ
ရုပ်ပွားတော်ကို တည်ဆောက်နေသည့် ရာဇဝင်တောရ ဆရာတော် ဦးဝိလာသက မိန့်ကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ရန်အမေရိကန် ပညာရှင်နှစ်ဦး လာရောက်လေ့လာ
ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီးကို အဆင့်မြှင့်တင်ပြင်ဆင်မှုမျာ
လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်
လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာကို အဆစ်ရောင် ဝေဒနာသည်များအတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်
လက်ခုပ်တီးလိုက်သည်နှင့် အလိုလို ချိတ်ဖြုတ်ပြီးသား ဖြစ်သွားသည့် အမျိုးသမီး အတွင်းခံ ဘရာစီယာ တစ်မျိုးကို အမေရိကန် ပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုတွင် နေထိုင်သည့် အမျိုးသား ဒီဇိုင်းပညာရှင် တစ်ဦးသည် ယခုလို ထူးထူးဆန်းဆန်း အတွင်းခံမျိုးကို တီထွင် ဒီဇိုင်းထုတ်လိုက်ခြင်း ဖြစ်သည်။ ဘက်ထရီ စွမ်းအင် ဖြည့်ထားရသည့် ဘရာစီယာသည် တစ်ဦးဦးက လက်ခုပ်တီးလိုက်သည့် အသံကို တုံ့ပြန်ကာ လျှပ်စစ်သံလိုက်လှိုင်း တစ်ခု တွန်းကန်ခြင်းဖြင့် ချိတ်ကို ပြုတ်သွားစေသည်ဟု ဆိုသည်။
လက်ခုပ်တီးလိုက်သည်နှင့် အလိုလို ချိတ်ဖြုတ်ပြီးသား ဖြစ်သွားသည့် အမျိုးသမီး အတွင်းခံ ဘရာစီယာ တစ်မျိုးကို အမေရိကန် ပညာရှင်တစ်ဦးက တီထွင်လိုက်ကြောင်း သိရသည်။ ဆန်ဖရန် ဆစ္စကိုတွင် နေထိုင်သည့် အမျိုးသား ဒီဇိုင်းပညာရှင် တစ်ဦးသည် ယခုလို ထူးထူးဆန်းဆန်း အတွင်းခံမျိုးကို တီထွင် ဒီဇိုင်းထုတ်လိုက်ခြင်း ဖြစ်သည်။ ဘက်ထရီ စွမ်းအင် ဖြည့်ထားရသည့် ဘရာစီယာသည် တစ်ဦးဦးက လက်ခုပ်တီးလိုက်သည့် အသံကို တုံ့ပြန်ကာ လျှပ်စစ်သံလိုက်လှိုင်း တစ်ခု တွန်းကန်ခြင်းဖြင့် ချိတ်ကို ပြုတ်သွားစေသည်ဟု ဆိုသည်။
တရုတ်ဟက်ကာများ Android ကို ခိုးဖောက်မှုအတွက်သုံး
တရုတ်ဟက်ကာ များသည် အင်တာနက်နှင့် ကွန်ရက်ဆိုင်ရာ လုပ်ငန်းများတွင် မကောင်းမှုများ လုပ်ရန်အတွက် ခိုးဖောက် ဝင်ရောက်မှုများကို Android ဆော့ဖ်ဝဲများအား သုံးကာ အဓိက လုပ်ဆောင်နေ ကြကြောင်း ကွန်ပျူတာလုံခြုံရေး ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Symantec ကပြောကြားသည်။
Nokia Lumia 1020 ကင်မရာ ရိုက်ချက်များ
Pocket Lint Team ကလူများလက်တွေ့စမ်းသပ် ရိုက်ကူးချက်များ ဖြစ် ပါတယ်။
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ မှာ ညမြင်ကွင်းပုံ ရိုက်ကူးပြီး
ဆိုဒ်ပေါ်တင်လိုက်တဲ့အခါ အင်မတန်လူကြည့်များတဲ့ ဓာတ်ပုံများ ဖြစ် လာပါတယ်။
Nokia ရဲ့  41 Megapixel အရည်အသွေးရှိတဲ့ ကင်မရာဟာ ဘယ်လို
ရုပ်ထွက်ကောင်းမယ့် ပုံရမယ်ဆိုတာ လူတိုင်းစိတ်ဝင်စားတဲ့ အခြေအနေ တစ်ခုပဲ
ဖြစ်ပါတယ်။
အာကာသ တက္ကဆီအတွက် NASA တို့ ကြိုးပမ်းနေ
NASA တို့မှ တရားဝင်မကြေညာရသေးတဲ့ ပရောဂျက်ဖြစ်ပါတယ်။ သို့ပေမယ့် သတင်းဌာန
အများစုကတော့ သိသိသာသာ ဖော်ပြနေကြပါပြီ။ NASA မှ အာကာသကို
အလည်ခရီးသွားဖို့ တက္ကဆီဝန်ဆောင်မှ ပြုလုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲအတွက် Mazda ရည်ရွယ်သော ဒီဇယ်ပြိုင်ကား
Skyactiv-D လို့အမည်ပေးထားတဲ့ကား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က
Cummins အမည်ရ ပြိုင်ကားက ဒီဇယ်အင်ဂျင်သုံးပြီး အမေရိကန် Daytona မှာ
ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
Facebook ရှယ်ယာဈေးမြင့်တက်
Facebook ရှယ်ယာဈေး စံချိန်တင်မြင့်တက်သွားကြော င့်
သိရပါတယ်။ တစ်ရှယ်ယာကို ၃၂ ဒေါ်လာနဲ့ Facebook တို့ တင်ခဲ့သမျှ
ရှယ်ယာထဲမှာအမြင့်ဆုံး ဈေးနှုန်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ်
ဇန်နဝါရီလက တစ်ရှယ်ယာကို ၁၇.၅ ဒေါ်လာသာ ရှိခဲ့ရာကို တစ်လထပ် တစ်လ တစ်ဆဆ
မြင့်တက်လာခြင်း ဖြစ်ပါတယ်။
Callaway ပြင်ဆင်ဖန်တီးသော Covertte Z06
Callaway ဆိုတာ အမေရိကန်အခြေဆိုက် ကား tuning ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။
tuning ဆိုတာ Manufacturing မဟုတ်ပါဘူး။ ထုတ်လုပ်ပြီးသား ကားတွေကို
စိတ်ကြိုက်ပြန်လည်ပြင်ဆင်ခြ င်း ဖြစ်ပါတယ်။ ပြီးတော့မှ ယင်းကားကို ဈေးပြန်တင်လို့ ရောင်းစားတာပါ။ ယင်းကဲ့သို့ ကုမ္မဏီများလည်း ကမ္ဘာတစ်လွှားမှာ ရေပန်းစား ပါတယ်။
ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော့ဘူး လို့ဆိုတဲ့ သရုပ်ဆောင် နဝရတ်နှင့် တွေ့ဆုံခြင်း
အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသတော့မည့်
တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား နှင့်အတူ ပရိသတ်များနှင့်
တစ်ကျော့ပြန် ပြန်လည်ထိတွေ့ဖို့ ကြိုးစားလာသော သရုပ်ဆောင နဝရတ်နှင့်
တွေ့ဆုံပြီး ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကားရိုက်ကူးမှု များကို ၂
နှစ်နီးပါးကြာ ရပ်နားထားရသည့်
အကြောင်းအရင်းနှင့် မလေးရှားနိုင်ငံတွင် ရိုက်ကူးမည့် မဟာဆန်တဲ့
မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားများ အကြောင်းကို The Voice က
မေးမြန်းထားခြင်း ဖြစ်သည်။
Apple Developer Site အားတိုက်ခိုက်ခံရ
Apple မှ၎င်းတို့၏ developer site အားတိုက်ခိုက်ခံရပြီး ခိုးယူခံရသော အချက်အလက်များမှာ code များဖြင့် ၀ှက်ထားခြင်းဖြစ်သော်လည်း
Site မှာမှု ပြန်လည်မသုံးနိုင်သေးကြောင်းသိရသည်။ Apple ၏အဆိုအရခိုး၍ ၀င်ရောက်သူများသည် developer များ၏ အချက်အလက်များကို
ရယူရန် ကြိုး စားခဲ့ပြီး developer site ကိုပိတ်ပစ်ရရန်ရည်ရွယ် ခဲ့သည်ဟုဆိုသည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော ထို အဖြစ်အပျက်တွင်
အရေးကြီးသော အချက်အလက် များကို code ဖြင့် ၀ှက်ထားခဲ့သော်လည်း developer အချို့၏ အမည်နှင့် e-mail များကိုမှု ရရှိသွားနိုင်သည်
ဟု Apple ကဆိုခဲ့သည်။
Site မှာမှု ပြန်လည်မသုံးနိုင်သေးကြောင်
ရယူရန် ကြိုး စားခဲ့ပြီး developer site ကိုပိတ်ပစ်ရရန်ရည်ရွယ် ခဲ့သည်ဟုဆိုသည်။ ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော ထို အဖြစ်အပျက်တွင်
အရေးကြီးသော အချက်အလက် များကို code ဖြင့် ၀ှက်ထားခဲ့သော်လည်း developer အချို့၏ အမည်နှင့် e-mail များကိုမှု ရရှိသွားနိုင်သည်
ဟု Apple ကဆိုခဲ့သည်။