Pages
▼
17.9.13
အမေရိကန်ရေတပ်စခန်း ပစ်ခတ်မှု ၁၃ ဦးသေဆုံး
သေနတ်သမား တစ်ဦးသည် ဝါရှင်တန်ဒီစီ မြို့တော်ရှိ ရေတပ်စခန်း တစ်ခုတွင် သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ပြီး လူ(၁၂)ဦးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း ပစ်သတ်ခြင်း ခံခဲ့ရသည်။
မြန်မာတွင် သေကြောင်းကြံစည်မှု တစ်နှစ်လျှင် လူ ၁၂၀၀ ဝန်းကျင်ခန့်ရှိ
မြန်မာ နိုင်ငံတွင် မိမိကိုယ်ကိုယ် သတ်သေ သူများမှာ တစ်နှစ်လျှင် ၁၂၀၀ ခန့်ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် လူတစ် သိန်းလျှင် နှစ်ဦးနှုန်း မိမိကိုယ် ကိုယ် သတ်သေလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ် ပြန်ခဲ့သည့်စာရင်းဇယားများကို ကိုးကားပြီး စိတ်ကျန်းမာ ပညာ ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော ကြားခြင်းဖြစ်ပြီး အဆိုပါစာရင်း များအရ ၂၀၁၁ခုနှစ် တစ်နှစ်လုံး စာနှင့် ၂၀၁၂ခုနှစ် နှစ်ဝက်စာ အထိတွင် မိမိကိုယ်ကိုယ်သတ် သေသည့်နှုန်းထားမှာ လူတစ်သိန်း တွင် နှစ်ဦးနှုန်း သတ်သေလျက် ရှိကြောင်း သိရသည်။
ဝိုင်တစ်ခွက်နဲ့ Intel Processor ကို အားသွင်းနိုင်
ဝိုက်တစ်ခွက်နဲ့ Intel Processor အားသွင်းနိုင်တယ်ဆိုတာ တကယ်ပါ။
အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မှာ ပြုလုပ်တဲ့ Intel Developer Fourm
မှာ မိတ်ဆက်ပြသ သွားတဲ့ Intel ရဲ့  Processor အသစ် တစ်ခု ဖြစ် ပါတယ်။
အစိုးရနဲ့ ကေအိုင်အို အောက်တိုဘာလဆန်းမှာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်
အောက်တိုဘာ ပထမအပတ်ထဲမှာ အစိုးရနဲ့ ကေအိုင်အို
ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ ဒီနေ့ နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးသဘောတူလိုက်ကြတယ်လို့ သိရပါတယ်။
ထားဝယ်-ကန်ချနာပူရီလမ်းစီမံကိန်း ဒေသခံတွေ ပိတ်ဆို့
ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို
ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အဝေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့
သဗြုချောင်းနဲ့ ရေပုတ်ကျေးရွာကြား အရှည် ၁၃ မိုင်လောက်ကို မြေယာလျော်ကြေးမရတဲ့ ဒေသခံရွာသားတွေက သစ်တုံးတွေနဲ့ ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းက ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှာရှိတဲ့ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရုံးခန်းမှာ ဒေသခံတွေစုပေါင်းဖွဲ့စည်းထားတဲ့ "လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ" က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
စီမံကိန်းအတွက် မြေတွေဆုံးရှုံးခဲ့တဲ့ ထားဝယ်ခရိုင် မေတ္တာ၊ ကလက်ကြီး၊ ရေပုတ်၊ ကထောင်းနီစတဲ့ ကျေးရွာ ၇ ရွာက ရွာသား ၈ဝ လောက်ဟာ မြေလျော်ကြေးမရသေးတာကြောင့် ရွာသားတွေပူးပေါင်းပြီး စီမံကိန်းကားတွေသွားမရအောင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပိတ်ဆို့လိုက်တာပါ။
ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ အီတာလျံ၊ ထိုင်းကုမ္ပဏီက ၂ဝ၁၁ ခုနစ်ကစပြီး ထားဝယ်ဒေသခံတွေအတွက် လျော်ကြေးတွေပေးထားပြီး ဖြစ်ပေမယ့် ဒီလမ်းပိတ်ဆို့ထားတဲ့ ကျေးရွာ ၇ ရွာက ဒေသခံ ၈ဝ လောက်ကတော့ လျော်ကြေးငွေမရသေးဘူးလို့ သိရပါတယ်။
အခုလို လမ်းပိတ်ထားတာဟာ ၃ ကြိမ်မြောက်ရှိပြီလို့သိရပြီး လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ ပျဉ်းသားတောရွာမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ ကုမ္ပဏီတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ ကန်ချနပူရီကနေ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအထိ ကားလမ်းအရှည်ဟာ မိုင် ၁ဝဝ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
RFA

၂၀၁၃ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် (AFF Women’s AYA Bank
Championship 2013) ပြိုင်ပွဲမှာ အောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး
ဆီးမီးဖိုင်နယ် အဆင့် တက်ရောက်သွားပြီဖြစ်တဲ့
မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းဟာ မနက်ဖြန်မှာ အုပ်စု (ခ)
နောက်ဆုံးပွဲစဉ် အဖြစ် ဂျပန်လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ပြီး
အုပ်စုဗိုလ် နေရာ လုရတော့မှာ ဖြစ်ပါတယ်။
စိတ်ကူးထဲမှ ချစ်သူ ပုံရိပ်မှာ MBLAQ အဆို အဖွဲ့မှ လီဂျွန် ဖြစ်ကြောင်း လီဒါဟေးဆို
အမျိုးသား ပရိသတ်များ အသည်းစွဲ တောင်ကိုရီးယား မင်းသမီးချော လီဒါဟေး We
Got Married ဇာတ်ကားတွင် သရုပ်ဆောင် ရမည် ဆိုပါကMBLAQ အဆိုအဖွဲ့မှ လီဂျွန်နှင့်အတူ သရုပ်ဆောင် လိုကြောင်း MBC ရုပ်သံက ပြုလုပ်ခဲ့သော Section TV အစီအစဉ်တွင် ဖြေကြား ခဲ့သည်။
အိန္ဒိယနယ်စပ်က ချင်းကျေးရွာတွေ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရ
အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ထန်တလန်မြို့ ဇာနတ်တောင်ကြောမှာရှိတဲ့
ချင်းရွာ ၇ ရွာမှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရပြီး
လူဦးရေသုံးထောင်ကျော်လောက် ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချီတက်ပွဲကျင်းပဖို့ စီစဉ်
လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ
ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ
ကျင်းပမှာဖြစ်သလို မြို့တော်ခန်းမ ရှေ့ကနေ ပြည်သူ့ဥယျာဉ်အထိ လမ်းလျှောက်ချီတက်ပွဲလည်း ကျင်းပမယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူတွေက ပြောပါတယ်။
ဇန်န၀ါရီ အပြောင်း အရွှေ့တွင် ရွန်းနီအား ခေါ်ယူနိုင်ရေး အာဆင်နယ် ငွေကြေး မြောက်မြားစွာ ဆက်လက် သုံးစွဲမည်
အာဆင်နယ် အသင်းသည် မန်ယူ တိုက်စစ်မှူး ၀ိန်းရွန်းနီအား ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် မျက်စိကျ လျက်ရှိသောကြောင့် ဇန်န၀ါရီ
အပြောင်းအရွှေ့ ကာလ ပြန်လည် ဖွင့်လှစ်သည့် အခါတွင် ၎င်းတို့ အနေဖြင့် ငွေကြေး
အမြောက်အမြား သုံးစွဲ၍ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ရန် စိတ်အား ထက်သန်
လျက်ရှိကြောင်း Daily Mail တွင် ဖော်ပြထားသည်။
အက်ရှလေယန်း၏ ကစားဟန်နှင့် ပတ်သက်၍ သတိပေး စကားပြောရန် ဒေးဗစ်မိုရက်စ် စီစဉ်
မန်ယူနည်းပြ ဒေးဗစ် မိုရက်စ်သည် အက်ရှလေယန်း၏ ကစားနည်း ကစား ဟန်နှင့် ပတ်သက် ၍ သတိပေး စကားပြောရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
မြန်မာ့သမိုင်းတွင် သုံးခဲ့သောဓါးများ
မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး (ရဟန်းသံဃာတော်များကို
သတ်ဖြတ်သည့်သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကိုခုတ်ရာ
ဦးခေါင်းနှင့်တကွ ခင်းထာသည့် ၀ါပိုးဝါ ကြမ်းခင်မှ ၀ါး ၅လုံးပါ ပြတ်သည်) *
လီဗာပူး အသင်း ခေါင်းဆောင် ဂျရတ် လေ့ကျင့်ရေး ကွင်းအတွင်း အသက် အန္တာရာယ် ခြိမ်းခြောက် ခံရ
လီဗာပူး အသင်း ခေါင်းဆောင် စတီဗင်ဂျရတ်သည် လေ့ကျင့်ရေးကွင်း အတွင်း ပြင်းပြင်း ထန်ထန် ဆဲရေးတိုင်းထွာ ပြောဆို ခံခဲ့ရပြီး အသက် အန္တာရာယ်ကိုပါ
ခြိမ်းခြောက် ခံခဲ့ရ ကြောင်း သိရသည်။ ထိုသို့ မဖြစ်ပွားမီတွင် ရူးသွပ်
နေဟန်ရှိသော ပရိသတ် တစ်ဦးသည် လီဗာပူး အသင်း၏ Melwood လေ့ကျင့်ရေးကွင်း
ခြံစည်းရိုးအား ဖြတ်ကျော်ဝင် ရောက်ခဲ့ ကြောင်း သိရသည်။
ကလေးလုပ်သားများ အသက်အရွယ်ကို မြန်မာတွင် ဥပဒေအရ တိကျစွာ သတ်မှတ်ထားခြင်း မရှိသေးဟုဆို
မြန်မာ နိုင်ငံတွင် ကလေးလုပ်သား များ၏ အသက်အရွယ်ကို ယခုအချိန်ထိ ဥပဒေအရ
အတိအကျသတ်မှတ် ထားခြင်းမရှိသေးကြောင်း အပြည် ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ
အဖွဲ့ချုပ်မှ အကြီးတန်း မူဝါဒ ရေးရာ မန်နေ ဂျာ (မြန်မာနိုင်ငံ ရုံး)
ဒေါက်တာမင်းညိုက ပြော သည်။ နိုင်ငံတကာတွင် ကလေး လုပ်သားများအား အသက်အ
ရွယ်အပိုင်းအခြား သတ်မှတ်ထား ခြင်းရှိပြီး မြန်မာနိုင်ငံတွင် သတ်
မှတ်ထားခြင်း မရှိသေးကြောင်း၊ ယင်း အတွက် သတ်မှတ်ရန် လိုအပ် ကြောင်း
သိရသည်။
မိုးသည်းထန်မှုကြောင့် မြို့နယ်အတော်များများ ရေကြီး
နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၁)
Scientific Acceptablity Of Rebirth (အဖန်ဖန်မွေးဖွားခြင်း-လူဝင်စားခြင်း
ကို သိပ္ပံနည်းကျ လက်ခံခြင်း)စာတမ်းကို ရေးသားတဲ့ Dr.Granville
Dharmawardena (Ph.D (Cambridge)
M.I.Chem.C, C..Chem, FIAutoE) ဟာ သီရိလင်္ကာနိုင်ငံသား တစ်ဦး ထင်ရှားတဲ့
သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပြီး ယူကေနဲ့ အမေရိကားက nuclear science ဆိုင်ရာ
ပြဋ္ဌာန်းစာအုပ်တွေ မှာ ရည်ညွှန်းခြင်း ခံရသူ ဖြစ်တယ်။
Avatar ရုပ်ရှင်ထဲက တောင်ထွတ်များရဲ့တည်နေရာ
နာမည်ကျော်ဒါရိုက်တာ
James Cameron ရဲ့ Avatar ကားကို ကြည့်ဖူးကြမှာပါနော်။
အဲဒီကားထဲမှာထည့်သွင်း ရိုက်ကူးထားတဲ့ Pandora ဂြိုလ်ပေါ်က တိမ်တွေကြားမှာ
မျောလွှင့် နေသော Hallelujah တောင်ကြီးတွေကို မှတ်မိဦးမယ် ထင်ပါတယ်။
ကျွန်မတော့ Avatar ကားကိုကြည့်မိတိုင်း
ရင်သပ်ရှုမော အံ့သြဖွယ် ကောင်းလောက်အောင် လှပလွန်းတဲ့ တောင်တွေရဲ့အလှကို
အပြင်မှာ တကယ်ကို တွေ့မြင်ချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။
သို့ပေမဲ့ ဒါဟာ စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်မှာပါ။ ဒီလိုတောင်တွေဆိုတာ
အပြင်မှာ တကယ်တမ်းတော့ ဘယ်ရှိနိုင်ပါ့မလဲနော်။
ဒါရိုက်တာရှင်ဒေဝီနှင့် တွေ့ဆုံခြင်း
“မမြင်ရတဲ့အပိုင်းက ကြားထဲမှာ ဆုံးရှုံးသွားခဲ့တဲ့ လူတွေရဲ့ အသက်တွေ၊
ပျက်စီးသွားခဲ့ရတဲ့ လူနေမှုဘဝတွေ အတွက်ကျတော့ ဘယ်သူတွေက
ပြန်အလျော်ပေးမှာလဲ...”
“ဒီအခွင့်အရေးကြီး ဘယ်လောက်ကြာကြာ ရမလဲဆိုတာ ကျွန်မတို့မသိဘူး ..... ရတဲ့ အခိုက်မှာ ရသမျှအခွင့်အရေးကို ကျွန်မတို့ယူမှာပဲ...”
“ဒီအခွင့်အရေးကြီး ဘယ်လောက်ကြာကြာ ရမလဲဆိုတာ ကျွန်မတို့မသိဘူး ..... ရတဲ့ အခိုက်မှာ ရသမျှအခွင့်အရေးကို ကျွန်မတို့ယူမှာပဲ...”
ဗမာ၎ယောက် london fashion week fashionမှာအစွမ်းပြခဲ့
london fashion weekကဖိတ်ကြားလို့  fashion ပွဲမှာဓါတ်ပုံပညာ
အစွမ်းပြခဲ့ကြရကြောင်းကို“ကျွန်တော့် ညာဘက် က နေ စရင်
ကိုလင်းထွန်း (photographer ) ပြီးတော့ကျွန်တော်၊ပြီးတော့
ကိုသားလတ် (photogarpher )နဲ့ ကို စိုးထက်အောင် (photo-
grapher ) တို့ ပါ။ကိုလင်းထွန်းက ဒီနိုင်ငံ(အင်္ဂလန်)မှာနာမည်ကြီး
မော်ဒယ်တွေကို magazine တွေ fashion show တွေ မှာ ဒိုင်ခံ
ရိုက်ပေးနေတဲ့ နာမည်ကြီး photographerတစ်ယောက်ပါ။

ဆီးရီးယားအရေး ရုရှနဲ့ ပြင်သစ် သဘောကွဲလွဲ
မော်စကိုမြို့မှာ တွေ့ဆုံပြီး ဆီးရီးယား ပဋိပက္ခ အဆုံးသတ်စေရေး
ဆွေးနွေးနေကြတဲ့ ရုရှားနဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးတွေ အကြား
သဘောတူညီမှု မရခဲ့ကြဘူးလို့ ဝန်ကြီး နှစ်ဦး စလုံးက ပြောကြားပါတယ်။