Pages
▼
24.9.13
နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ
မိန်းကလေးများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ
၁. သဘောထား သေးသိမ်သော ယောင်္ကျားများ
၂. ခေတ်ရေစီးကြောင်းကို အလွန်အကျွံ လိုက်စားတတ်သော ယောင်္ကျားများ
၃. အားနွဲ့ဟန်၊
လူငယ်ချင်း စကားများရာမှ လူသတ်မှုကျူးလွန်သည်အထိ ဖြစ်ပွားခဲ့
စက်တင်ဘာ ၂၁ ရက် ညပိုင်းက မြစ်ကြီးနား မြို့ပေါ် ရပ်ကွက်အတွင်း အအေးဆိုင်၌
အအေးသောက် နေသည့် လူငယ် အချင်းချင်း စောင်းမြောင်း ပြောဆိုပြီး
ဆိုင်မှအထွက် မြို့ပေါ်... ရပ်ကွက် အတွင်း ရိုက်နှက် ထိုးကြိတ်ပြီး စကားများ
ရန်ဖြစ်ရာမှ လူသတ်မှု ကျူးလွန်သူ (၃)ဦး အား ၃ နာရီအတွင်း ဖမ်းဆီး ရမိ
ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် ၊ ရွှေဝါဝင်း လ္ဘက်ရည်ဆိုင်၌ ဝိုင်းမော် မြို့နယ် ၊ မိုင်းနားကျေးရွာ ၊ ကျော် ဆိုင်ကယ် ပြင်ဆိုင်တွင် အလုပ်လုပ် ကိုင်နေသူ အောင်မျိုးမြင့် နှင့်မြစ်ကြီးနား တက္ကသိုလ် မှ တက္ကသိုလ် ကျောင်းသား တစ်ဦး ၊ တက္ကသိုလ် ကျောင်းသူ နှစ်ဦး အအေး ထိုင်သောက် နေစဉ် ၄င်းတို့နှင့် အတူ မျက်နှာ ချင်းဆိုင် ထိုင်နေသော လ္ဘက်ရည်ဆိုင် စားပွဲမှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁) ဦးတို့က စောင်းမြောင်း ပြောဆို နေသဖြင့် အောင်မျိုးမြင့် မှ တက္ကသိုလ် ကျောင်းသူ နှစ်ဦးအား အိပ်ဆောင်သို့ ပြန်ခိုင်းပြီး ဒူဝါကြီး ဘော်ဒါဆောင် နေ တက္ကသိုလ် ကျောင်းသား သူငယ်ချင်းများ ထံ ဖုန်းဆက် အကြောင်းကြား ခဲ့ရာ မောင်အေရှမ်း (ခ) အောင်ကျော်ဖြိုး အပါ လူငယ်(၃)ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး ၄င်းတို့(၅)ဦး က ကျသင့်ငွေ ရှင်းကာ ဆိုင်ပြင်သို့ ထွက်လာစဉ် ဆိုင်အတွင်း စောင်းမြောင်း ပြောဆိုသူ လူငယ်(၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့က နောက်မှ လိုက်လာ သည်ကို တွေ့ရှိရ၍ အောင်မျိုးမြင့် နှင့် လူငယ်(၅)ဦး က သီတာရပ်ကွက် ၊ ယဉ်ကျေးမှု ပြတိုက် လမ်းဆုံ ရှေ့အရောက် ရပ်တန့် စောင့်ဆိုင်း နေစဉ် နောက်မှ လိုက်လာသူ(၃)ဦးမှ ဝိုင်းဝန်း ရိုက်နှိက် ထိုးကြိတ်ခြင်း တို့ကြောင့် အောင်မျိုးမြင့် တို့အဖွဲ့လည်း တကွဲတပြားစီ ထွက်ပြေး သွားခဲ့ပြီး အခြား သူငယ်ချင်း (၃)ဦးက တွေ့ရှိ၍ ပျောက်ဆုံး နေသူ နှစ်ဦးအား လိုက်လံ ရှာဖွေရာ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ ဒဏ်ရာများ ရရှိကာ ဆေးရုံတင် ထားရကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ဆေးရုံတင် ထားရသည့် မောင်အေရှမ်း (ခ) အောင်ကျော်ဖြိုး (၁၈)နှစ် (ဘ) ဦးအောင်ချစ် မှာ ဘယ်ဘက် ရင်ဘတ် ထိုးသွင်း ဒဏ်ရာ တစ်ချက် ၊ ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ ဖြင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။ လူသတ်မှု ကျူးလွန်သူ (၃)ဦးအား ဥပဒေအရ ဆက်လက် အရေးယူ နိုင်ရေးအတွက် မြစ်ကြီးနား မြို့မ ရဲစခန်းမှ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
The Myawady Daily

လူရွှင်တော်များ၏ပြက်လုံး အစိုးရက သင်ခန်းစာအဖြစ်ယူဟု ဦးအောင်မင်းဆို၊ တံခွန်စိုက်၌ ဒီစတားအဖွဲ့ရရှိ
လူရွှင်တော်တွေရဲ့ နိုင်ငံရေးပြက်လုံးတွေကို အစိုးရအနေနဲ့ လက်ခံပြီး
သင်ခန်းစာတွေအဖြစ် ယူတယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက
မြန်မာငြိမ်းချမ်းရေး တံခွန်စိုက် အငြိမ့်ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့
စက်တင်ဘာ ၂၂ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ကာမစိတ်ကြွဆေးများ ဖမ်းဆီးရမိ
၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း
ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏
ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ
ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊
MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊
MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊
DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊
STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ
ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများ
ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့်
တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နောက်ဘီးပေါက်ပြီးယာဉ်တိမ်းမှောက်
၂၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊
သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၈၀/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။
နိုင်ငံခြား ငါးဖမ်းစက်လှေများ အစီရေပွား ဖမ်းဆီးလာခြင်းကြောင့် သေချာစိစစ်ရန် လိုအပ်
မြန်မာ့ ပင်လယ်ပြင် အတွင်း ဝင်ရောက် ငါးဖမ်းဆီး လျက်ရှိသော နိုင်ငံခြား
ငါးဖမ်းလှေ များသည် သတ်မှတ် စည်းကမ်း ချိုးဖောက်ပြီး လှေများကို အစီးရေပွား
ဖမ်းဆီး နေခြင်းကြောင့် သေချာ စိစစ်ရန် လိုအပ်ကြောင်း ပင်လယ် ငါးဖမ်း
လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်
မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော
အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့
စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ
စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄)
ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
စာမေးပွဲစနစ် ပြင်ဆင်ရေး နိုင်ငံတကာ ပညာရှင်များနှင့် ဆွေးနွေးမည်
ပညာရေးစနစ် နိမ့်ကျရခြင်း၏ အဓိက အကြောင်းအရင်းဟု ဝေဖန်နေကြသော
စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ပညာရှင်
ငါးဦးနှင့် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်တို့
ပူးပေါင်းကာ အောက်တိုလာလ ၂၀ ရက်နေ့ ရန်ကုန်မြို့တော်ရှိ တော်ဝင်နှင်းဆီ
ခန်းမတွင် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း NLD ပညာရေး ကော်မတီဝင်
ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။
တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ရ
ယခုလ ၁၉ ရက် နေ့လည်ပိုင်း
က မန္တလေး - ကလေး လမ်းပိုင်း ပုံတောင် ပုံညာကြား ကြော့ကျေးရွာ အနီးတွင် ခရီးသည်တင် ပို့ဆောင်ရေး ယာဉ်တစ်စီး တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ အရှိန်လွန်ပြိး ချောက်ကမ်းပါး ထိပ်ပေါ်တွင် ချိတ်တင် နေခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် တနင်္သာရီမြို့တွင် ရေကြီးမှု နောက်တစ်ကြိမ် ဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သည် နှစ်စဉ်နှစ်တိုင်း
လိုလိုပင် မြစ်ရေလွှမ်းမိုး မှုများ ကြုံတွေ့လျက်ရှိသည်။ ၂၀၁၃ခုနှစ် စက်တင်
ဘာလ တတိယအပတ်တွင် မိုးများအဆက် မပြတ်ရွာသွန်း ခြင်း၊ ထားဝယ် ခရိုင်
မေတ္တာမြို့နယ်ခွဲမှမြစ်ဖျားခံသည့် တနင်္သာရီမြစ် ရေစီးသန်ခြင်း ၊
ချောင်းဖျားရေများကြီး ခြင်းတို့ကြောင့် တနင်္သာရီရေသည် စက်တင်ဘာလ(၂၃)ရက်
ညနေ(၄း၃၀)တိုင်းထွာချက်အရ တနင်္သာရီ မြစ် ရေသည် (၂၂)ပေသို့ရောက်ရှိနေပြီး
တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍ အန္တရာယ်ရေ အမှတ် ရောက်ရန်
(၂)ပေသာလိုသည်။
ဒေါ်စုနဲ့ ထိပ်တန်းစင်္ကာပူခေါင်းဆောင်တွေ တွေ့ဆုံ
င်တွေ
နဲ့ ဒေါ်အောင်ဆန်းစုကြည်
တို့ ဒီကနေ့ တွေ့ဆုံချိန်
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အလေးအနက်ထား ဆက်ဆံမှုမှာ စင်္ကာပူ-မြန်မာနိုင်ငံ နှစ်နိုင်ငံကြားမှာလည်း စီးပွားရေး၊ ပညာရေး အလားအလာကောင်းတွေ ပေါ်ထွန်းလာစေနိုင်မယ်လို့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ယုံကြည်မျှော်လင့်နေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။
နိုင်ရိုဘီ ဈေးရုံကို ကင်ညာ လုံခြုံရေးတွေ ပြန်ထိန်းချုပ်
ပါကစ္စတန် ခရစ်ယာန် ဘုရားကျောင်း အသေခံဗုံးခွဲမှု ၇၈ ဦးသေဆုံး
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ သမိုင်းဝင် Church ခရစ်ယာန်
ဘုရားကျောင်းအပြင်မှာ အသေခံ ဗုံးခွဲ သမား ၂ ယောက်ရဲ့ ပြိုင်တူ
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ၇၈ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။ ဒါဟာ နှစ်
အတော်ကြာအတွင်း ပါကစ္စတန်ရဲ့ ခရစ်ယာန်လူနည်းစုတွေကို
အသေအပျောက်အများဆုံးဖြစ်အောင် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။