ဆယ်ကျော်သက် အရွယ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သူများသည် မိမိကိုယ်ကိုယ် အားရကျေနပ်မှု လျော့နည်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် သောကစိတ်များခြင်းစသော အခြေအနေများ ကြုံလာတတ်ကြောင်း သိရှိရ
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်
လူငယ်များ အလွန်အကျွံ လေ့ကျင့်ခန်း လုပ်ခြင်းသည် လုံးဝလေ့ကျင့်ခန်း မလုပ်ခြင်းကဲ့သို့ပင် ကျန်းမာရေးကို သက်ရောက် ထိခိုက်စေနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သင့်တင့်မျှတသော ပမာဏထက် မကျော်လွန်သင့်ကြောင်း သုတေသီများက ပြောဆိုခဲ့သလို လေ့လာတွေ့ရှိချက်များအရ ဆယ်ကျော်သက် အရွယ်တွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း ပြုလုပ်သူများသည် မိမိကိုယ်ကိုယ် အားရကျေနပ်မှု လျော့နည်းခြင်း၊ စိတ်ဖိစီးခြင်းနှင့် သောကစိတ်များ ခြင်းစသော အခြေအနေများ ကြုံလာတတ်ကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံမှ သုတေသီများသည် ဆယ်ကျော်သက်အရွယ် လူငယ်များ၏ နေ့စဉ် ပုံမှန် လူနေမှုဘဝကို အုပ်စု(၃)ခု ခွဲခြား၍ လေ့လာခဲ့သည်။
နိုဝင်ဘာ ၂၅ရက်က အိန္ဒိယတရားရုံးက ၁၄နှစ်အရွယ်
သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားတို့ကို သတ်ဖြတ်မှုနှင့် မိဘ နှစ်ပါးကို ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။ ငါးနှစ်တာကြာခဲ့သည်အမှုသည် နိုင်ငံ၏ သတင်းလောကတွင် အလွန်ရေပန်းစားသော အဖြစ်အပျက် ဖြစ်သွားခဲ့သည်။
နယူးဒေလီမြို့ နွိုင်ဒါဆင်ခြေဖုံးအရပ်မှ ရာဂျက်ရှ်နှင့်နူပါ တယ်ဝါ ဇနီးမောင်နှံသည် စီရင်ချက်ချသည့်နေက မျက်ရည်ဝိုင်းခဲ့ရပြီး သူတို့၏ စီရင်ချက်အတွက် အယူခံဝင်သွားမည်ဟု ဆိုသည်။ တရားခံရှေ့နေ ရေဘက်ကာဂျွန်က ယခုအမှုတွင် ဖြစ်စဉ် တစ်လျှောက်လုံးသည် မှားယွင်းမှုများနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ တရားရုံးသည် ပတ်ဝန်းကျင်မှ အခြေအမြစ် မရှိသော ထွက်ချက်များကို အခြေခံကာ စီရင်ချက် ချခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၆၇က်တွင် မီဒီယာများကို ပြောပြခဲ့သည်။