ဇန်န၀ါရီလ ၄ ရက်၌ ကျရောက်သော မြန်မာနိုင်ငံ၏
၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့တွင်းရှိ
လွတ်လပ်ရေးကျောက်တိုင်တည်ရှိသော မဟာဗန္ဓုလပန်းခြံအပါအ၀င်
တန်ခိုးကြီးဘုရားများနှင့် အခြားအပန်းဖြေဥယျာဉ်များ၌
လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
"ကျွန်တော်က
နယ်ကလာတာပါ။ ဒီနေ့က လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အဓိကကတော့
လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ မဟာဗန္ဓုလပန်းခြံကို အရင်လာဖြစ်တယ်။
မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောက် လုပ်ပေးခဲ့တဲ့ သူရဲကောင်းတွေရဲ့
သမိုင်းကျောက်စာကိုဖတ်ပြီး လေ့လာခွင့်ရခဲ့ပါတယ်။
ဒီလိုနေ့ထူးနေ့မြတ်တစ်ခုကို နှစ်စဉ်ကျင်းပခြင်းက
နောင်မျိုးဆက်သစ်တွေအတွက်လည်း သမိုင်းကိုပြန်သိရှိနိုင်မယ့်
အခွင့်အရေးကိုရရှိနိုင်မှာပါ"ဟု မြိတ်မြို့မှ မဟာဗန္ဓုလပန်းခြံရှိ
လွတ်လပ်ရေးကျောက်တိုင်သို့ လာရောက်လေ့လာသူ ကိုပြည်အေးက ပြောပြခဲ့သည်။
အထူးသဖြင့် ရန်ကုန်မြို့တွင်းရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊
စွယ်တော်၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ရွှေဘုန်းပွင့်၊ ဗိုလ်တထောင်ဘုရား၊
ကမ္ဘာအေးဘုရား၊ ကျောက်တော်ကြီးဘုရားနှင့် ရေလယ်ကျောက်တန်းဘုရားစသည့်
တန်ခိုးကြီးဘုရားများတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်
လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment