ကချင် ပြည်နယ် ဖားကန့်မြို့ အတွင်းရှိ မိုးကောင်း-ဖားကန့်လမ်းဖောက်
လုပ်မှုတွင် ကျောက်မျက်လုပ် ငန်းရှင်များထံမှ လုပ်ကွက်တစ်ခု လျှင်
ကျပ်သိန်း၁၀၀ အလှူငွေ ကောက်ခံသတ်မှတ်မှုအတွက် လုပ်ငန်းရှင် များ အခက်
အခဲများ ဖြစ်ပေါ်နေကြောင်း ကျောက် မျက်လုပ်ငန်းရှင်များထံမှ သိရ သည်။
ကချင်ပြည်နယ် ဝန်ကြီး ချုပ်မှ အဆိုပါလမ်းဖောက်လုပ် ရန်အတွက် ယင်းဒေသအတွင်း
ရှိ ကျောက်စိမ်းလုပ်ကွက် လုပ် ငန်းရှင်များကို ယခုလ ၁၅ရက် နောက်ဆုံးထားကာ
အလှူငွေပေးဆောင်ကြရန် လုပ်ကွက် ပိုင်ရှင်များအား နှိုးဆော်ထား သော် လည်း
လုပ်ကွက်နားချိန် ဖြစ်ခြင်းကြောင့် ကျောက်စိမ်း လုပ်ငန်းရှင်များအနေဖြင့်
ငွေလှူ ရန် အခက်အခဲဖြစ်နေဟု ဆို သည်။
အောင်စည်းစိမ်ကျောက်
မျက်လုပ်ငန်းရှင် ဦးအောင်ကြီး က ““ကချင်ဝန်ကြီးချုပ်က ဒီ ဇင်ဘာလောက်က
ဖားကန့်- မိုးကောင်းလမ်းဖောက်လုပ်ဖို့ ဆိုပြီး လုပ်ကွက်တစ်ခုကို ကျပ်
သိန်း၁ဝဝနဲ့ ဒီလ ၁၅ရက် နောက်ဆုံးလှူဖို့ ပြောတယ်။ လုပ်ငန်း ရှင် တွေအနေနဲ့
မလှူ ချင်လို့ မဟုတ်ပါဘူး။ အခုက လုပ်ကွက်နားချိန်မှာ ပေးရမှာ ဆို
အဆင်မပြေဘူး။ ကျွန်တော် တို့က လုပ်ကွက်နားတယ်ဆိုပေ မယ့် အလုပ်သမားခတွေ၊
လုပ် ကွက်ဖော်ချိန်မှာ အသုံးပြုရ မယ့်စက်တွေ ထိန်းသိမ်း ခတွေ၊ လုပ်ကွက်
ဖော်ချိန် မြေရှင်ခတွေ အများကြီးရှိသေးတယ်။ တစ် ကွက် ကျပ်သိန်း ၁ဝဝဆိုရင်
၁ဝကွက် ကျပ်သိန်းတစ်ထောင် အခုအချိန်ပေးဖို့ မလွယ်ဘူး”” ဟုဆိုသည်။
ကချင်ပြည်နယ်အတွင်း ရှိ ကျောက်မျက်လုပ်ငန်းရှင် များမှ လုပ်ကွက်အတွက် သတ္တု
တွင်းဝန်ကြီးဌာနတွင် တင်ဒါ သွင်းထားသော ငွေကြေးများ ရှိနေခြင်းကြောင့်
လက်ရှိပေး ရမည့် အလှူငွေများကို အဆိုပါ တင်ဒါငွေကြေးများမှ ခဏတာ
ကြိုသုံးပြီး လုပ်ငန်းရှင်များ လုပ် ငန်းပြန်စတင်ချိန်မှသာ စိုက် ထားသော
ငွေကြေးအား ပြန် လည်ပေးသွင်းခွင့်ပြုပါက အ ဆင်ပြေနိုင်ကြောင်း ယင်းက
ထည့်သွင်းပြောဆိုသွားသည်။
အဆိုပါမိုးကောင်း-ဖား ကန့်လမ်းမှာ
၅၉မိုင် လေးဖာလုံ အရှည်ရှိနေပြီး ၂၄ပေအကျယ် ၅၅တန် ခံနိုင်ဝန်ရှိသော ကတ္တ
ရာလမ်းနှင့် တန်၆၀ ခံနိုင်ဝန်ရှိ သော RC တံတားများပါ ဆောက်လုပ်မည်ဆိုပါက
ခန့် မှန်းကုန်ကျငွေ ကျပ် ၃၁၆၉၂ သန်းကုန် ကျမည်ဖြစ်ပြီး ယင်း စီမံကိန်းတွင်
ကာမိုင်း-မအူ ပင်ခြောက်မိုင်ဖြတ်လမ်းအ တွက်မပါဝင်ကြောင်း ပြည်သူ့
ဆောက်လုပ်ရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစန်း ဝေ၏ပြောဆိုချက်အရ သိရ
သည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကျောက်မျက်လုပ်
ငန်းရှင်များအသင်းမှ ဗဟို အလုပ်အမှုဆောင်တစ်ဦးက ““ဝန်ကြီးချုပ်ပြောတဲ့ရက်က
လုပ်ငန်းရှင်တွေအတွက် ဘယ် လိုမှ အဆင်မပြေနိုင်ဘူး။ အချိန်
အလွန်ကပ်နေတဲ့အတွက် အ လှူငွေ ပေးဖို့ ခက်ခဲတဲ့ အပြင် အမှန်တကယ်
နိုင်ငံအတွက် ဆိုရင် တရားဝင်စာထုတ်အသိ ပေးပြီးတော့ လုပ်ဆောင်သင့် တယ်””ဟု
ဆိုသည်။
ယင်းအလှူငွေ များကို ဇန်နဝါရီ ၁၅ရက် နောက်ဆုံး ထားကာ
မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းအမှတ် CF 002561 သို့ ထည့်ဝင်ရန်
ဝန်ကြီးချုပ်က ပြောဆိုထားသည့်အပြင် လုပ် ငန်း ၀ိုင်းဝန်းဆောင်ရွက်မည်
ဆိုပါက ပြည်ထောင်စု အစိုးရ ထံ အမြန်ဆုံး တင်ပြပေးရန် ရှိပါကြောင်း
လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ သိရသည်။
ဖားကန့် မြို့နယ် အတွင်းရှိ သွားလာရန်ခက်ခဲသည့် လမ်းတစ်နေရာအား တွေ့ရစဉ်
နိုင်နိုင်ဇော်
Yangon Media Group
No comments:
Post a Comment