အာရှဖလား U-22 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင်
ယူ၂၂ အသင်းသည် ယနေ့ညနေ ၅ နာရီတွင် ထိုင်းပရီးမီးယားလိဂ် ထိပ်သီးကလပ် မြောင်တောင်ယူနိုက်တက် အသင်းနှင့်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပွဲစဉ်အား မိနစ် ၄၀ သုံးပိုင်း ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ပြီး
မြန်မာအသင်း အတွက် အောင်သူက ပွဲချိန် ၂၂မိနစ်တွင် ဖရီးကစ်မှ တိုက်ရိုက်
ကန်သွင်းကာ ဦးဆောင်ဂိုး စတင် သွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ်၃၀ တွင်
မြောင်တောင်အသင်း ဘယ်တောင်ပံမှ ဖြတ်တင်သည့် ဘောလုံးအား မြန်မာနောက်တန်းမှ
ခေါင်းဖြင့် ရှင်းထုတ်ခဲ့ သော်လည်း ထိုင်းဒိုင်လူကြီးမှ ပယ်နယ်တီ
ပြစ်ဒဏ်ဘော ပေးခဲ့သဖြင့် ယင်းပင်နယ်တီမှ အိမ်ရှင် မြောင်တောင်ကလပ် အသင်း
ချေပဂိုး ရရှိခဲ့သည်။ ထို့နောက် မြောင်တောင်အသင်းမှ ပွဲချိန် ၇၄ မိနစ်တွင်
ပြစ်ဒဏ်ဘောမှ တဆင့်ဒုတိယဂိုး ကိုသွင်းယူနိုင်ခဲ့၍ (၂-၁)ဂိုးဖြင့်
မြောင်တောင် အသင်းက ဦးဆောင် နေခဲ့သည်။
မြန်မာအသင်းသည် လူစားလဲမှုများ ပြုလုပ်ပြီး ဆက်တိုက် တိုက်စစ်ဆင်ရာ ပြစ်ဒဏ်ဘောမှ တဆင့် ဂိုးဝင် သွားခဲ့သော်လည်း
ပြစ်ဒဏ်ဘော သက်မှတ်ခံရသဖြင့် ဂိုးမရခဲ့ပေ။ မြန်မာအသင်းသည်
ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ဖိကစား နိုင်ခဲ့ပြီး ခြေပဂိုးနှင့်
အနိုင်ဂိုးများကို ပွဲချိန် ၉၈ မိနစ်နှင့် ၁၀၆ မိနစ်တို့တွင် ရန်နိုင်ထွေး
မှသွင်းယူပေးခဲ့သည်။ ယနေ့ပွဲစဉ်တွင် မြောင်တောင် ယူနိုက်တက် အသင်းမှ
နိုင်ငံခြားသား ကစားသမား ၇ ဦးအထိ ထည့်သွင်း အသုံးပြုခဲ့သည်။
မြန်မာ ယူ၂၂ အသင်းသည် အိုမန်သို့ မထွက်ခွာမီ ဒုတိယ ခြေစမ်းပွဲအဖြစ် ထိုင်း
လက်ရွေးစင် ယူ၂၀ အသင်းနှင့် ဇန်န၀ါရီ ၆ ရက်နေ့တွင် ဆက်လက် ခြေစမ်း
ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
Photo & News credit = MFF
မိုးတိမ် (တမာမြေ)
Football Café
No comments:
Post a Comment