တရုတ်-မြန်မာ နယ်စပ်မှ စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဝင်ရောက်နေပြီး ၂၀၁၃ ခုနှစ်
နိုဝင်ဘာအထိ စိတ်ကြွရူး သွပ်ဆေးပြားပေါင်း ၉ဒသမ၇ သန်း
ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
သတင်းရရှိသည်။
တရုတ်-မြန်မာ နယ်စပ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ
အများဆုံးဝင်နေသည့်အပြင် မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-လာအို
နယ်စပ်ဒေသများမှလည်း စိတ်ကြွရူးသွပ်ဆေးပြားများ ပြည်တွင်းသို့
ဝင်ရောက်လာမှုများရှိကြောင်း သိရှိရသည်။
ဒီနှစ်အတွင်းမှာ
မြန်မာ-တရုတ် နယ်စပ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား အများဆုံး ၀င်ရောက်နေတယ်။
ဒါ့အပြင် မြန်မာ-လာအို နယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ်တို့ကနေ
ဝင်လာမှုတွေရှိတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ တားဆီးနှိမ်နင်းရေးတွေ၊
ဖမ်းဆီးရေးတွေကို စဉ်ဆက်မပြတ် လုပ်နေပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့ကို တိုးချဲ့ပြီးတော့ တားဆီးနှိမ်နင်းရေးအပိုင်းတွေကို
လုပ်ဆောင်နေတယ်”ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
ရဲအရာရှိတစ်ဦး၏ ပြောကြားချက် အရသိရသည်။
ဆက်လက်ပြီး
စိတ်ကြွရူးသွပ်ဆေး ပြား ဖမ်းဆီးရရှိမှု ဖြစ်စဉ်များတွင်
ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် အခြားပြည်နယ်နှင့် တိုင်းများ၌
ဖမ်းဆီးရရှိမှုများရှိနေပြီး နယ်စပ်ဒေသများတွင် စိတ်ကြွရူးသွပ်ဆေးပြား
အများဆုံးဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏
သတင်းထုတ်ချက်ပြန်များအရ သိရှိရသည်။
လတ်တလောစိတ်ကြွရူးသွပ်ဆေးပြား
ဖမ်းဆီးရမိမှု များပြားလာသည့်မှာ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းဝယ်သုံးစွဲမှု
အပိုင်းတွင်လည်း များပြားလာသည့်အတွက်ကြောင့်ဖြစ်ကြောင်း
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) မှ တာဝန်ရှိသူတစ်ဦးက
မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အပေါ်နှိုင်းယှဉ်ကာ သုံးသပ်ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာအရ
စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၈ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Eleven Media Group
No comments:
Post a Comment