တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးကိစ္စ အစိုးရအနေနဲ့ မဆိုင်သလိုနေလို့ မရဘူးလို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံကို တရားမျှတသယောင်ယောင် လုပ်နေလို့မရကြောင်း၊
ဒီဖွဲ့စည်းပုံဟာ တရားမျှတမှုမရှိသလို ဒီမိုကရေစီစံနှုန်းတွေနဲ့လည်း
မကိုက်ညီတာမို့ နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းတဲ့ဖွဲ့စည်းပုံမဟုတ်ဘူးဆိုတာ
ပြတ်ပြတ်သားသား လက်ခံရမယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပတဲ့ ၆၆နှစ်ပြည့်
လွတ်လပ်ရေးအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ရေးအရသာကို ပြည်သူတွေ
မခံစားရသေးတာကြောင့် လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံနဲ့
ထိုက်တန်တဲ့စနစ်ထူထောင်ဖို့ တပ်မတော်အနေနဲ့ ပြည်သူနဲ့ ပူးပေါင်းမယ်လို့
ယုံကြည်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အများကြိုက်တဲ့နိုင်ငံရေးကို
NLD အနေနဲ့ မလုပ်ဘဲ လူကြိုက်များတဲ့နိုင်ငံရေးကိုလုပ်ရင် တိုင်းပြည်အတွက်
အန္တရာယ်များတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက
နှုတ်ခွန်းဆက်စကား ပါးတဲ့အကြောင်း မိန့်ခွန်းထဲထည့်သွင်းပြောဆိုခဲ့ပြီး
နိုင်ငံအတွက် ဘယ်ပါတီအဖွဲ့အစည်းနဲ့မဆို ပူးပေါင်းမယ်လို့ ဆိုပါတယ်။
ဒီအခမ်းအနားကို နိုင်ငံခြားသံရုံးက သံအမတ်တွေ။ အရာရှိတွေ။ ၈၈မျိုးဆက် ကျောင်းသားတွေနဲ့ NLD ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
Kamayut Media
No comments:
Post a Comment