စီးပွား/
အဆိုပါ တွေ့ဆုံပွဲတွင် မြိတ်ရွှေပင်ကုမ္ပဏီမှ ဦးသန်းမြင့်နှင့် မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်
“အရက်ဘီယာ တင်သွင်းခွင့်ပေးမယ်။ မူအားဖြင့် ကျွန်တော်သဘောတူတယ်။ မကြာခင် တရားဝင်တင်သွင်းခွင့် ပေးသွားမှာပါ။ ဒါပေမဲ့ ကိုယ်စားလှယ်နှင့် လုပ်ကိုင်ရမယ်။ မိမိနယ်ထဲမှာ အရက်ဘီယာနှင့် ပတ်သက်ပြီး အတုတွေ ထွက်ပေါ်လာတာတွေ၊ တရားမ၀င်တင်သွင်းလာတာတွေကို တာဝန်ယူနိုင်ရမယ်။ ဌာနဆိုင်ရာတွေနှင့် ပြည်ထဲရေးဝန်ကြီးဌာနအစုံနဲ့ ကျွန်တော်တို့ဆောင်ရွက်မယ်။ စီးကရက်ကိုတော့ တင်သွင်းခွင့်ပြုမှာ မဟုတ်သေးပါဘူး။ ကျွန်တော်စဉ်းစားဦးမယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်
အရက်ဘီယာ၊ စီးကရက်များ တင်သွင်းရာတွင် လိုင်စင်မရှိသော်လည်း ဈေးကွက်အတွင်း အရက်မျိုးစုံနှင့် ဘီယာများရောက်ရှိနေကြောင်း တရားမ၀င်လမ်းကြောင်းများဖြင့် တင်သွင်းလာသည့်အတွက် အခွန်များလည်း မရရှိသောကြောင့် လိုင်စင်ဖြင့် တရားဝင်တင်သွင်းခွင့်ရရှိရန် တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တရားဝင်တင်သွင်းခွင့် မကြာမီခွင့်ပြုပေးမည်ဖြစ်ပြီး ယခုမူအားဖြင့် သဘောတူကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Eleven Media Group
No comments:
Post a Comment