တပ်မတော်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ပူးပေါင်း၍ တပ်မတော်အတွင်း ရောက်ရှိနေသည့် ကလေးစစ်သားများအား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှစ၍ လေးကြိမ်နုတ်ထွက်ခွင့်ပြုခဲ့ပြီ
“တပ်မတော်အတွင်း ရောက်နေတဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စိစစ်ပြီး ယခုလအတွင်း နုတ်ထွက်ခွင့်ပြုသွားဖို့ စီစဉ်နေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအတွက် အစိုးရနှင့် ကုလအဖွဲ့အစည်းများ သဘောတူရေးထိုးခဲ့သည့်စာချုပ် ထပ်မံသက်တမ်းတိုးမြှင့်ရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဌာနမှ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၌ တပ်မတော်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် ကလေးစစ်သားများ စုဆောင်းအသုံးပြုမှုများ ရှိနေပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရေအတွက် မြင့်မားနေသေးကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment