Pages

13.1.14

ကမ္ဘာ့ခြေတံအရှည်ဆုံး အမျိုးသမီးဖြစ်လာတဲ့ ဗြိတိန်မော်ဒယ်မလေး

Alexandra Robertson လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် ဗြိတိန်နိုင်ငံက တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်ပါတယ်။

အရပ် ၆ပေ၁လက်မ ရှိပြီး ခြေတံ အရှည် ၄၇ လက်မ ရှိတာမို့ ကမ္ဘာ့ ခြေတံ အရှည်ဆုံး အမျိုးသမီးအဖြစ်လည်း စံချိန်တင်စေခဲ့ပါ တယ်။ ခြေတံ အရှည်ဆံ ၄ ပေ ပြည့်ဖို့ ၁ လက်မသာ လိုပါတော့တယ်။ အရင်စံချိန်တင် ထားတဲ့ ရုရှားမော်ဒယ်မလေးက ၄၂ လက်မ ရှိတာမို့ ၅ လက်မပိုပြီး စံချိန်

တင်လာခြင်း ဖြစ်ပါတယ်။ Robertson ဟာ အနုပညာ ဂီတ ဘာသာရပ် ကို သင်ကြားနေတဲ့ ကျောင်းသူ ဖြစ်ပြီး မိသားစု မျိုးရိုးက အရပ်ရှည်ပါတယ်။

အမေဖြစ်သူက ၅ပေ၁၁လက်မ အရပ်အမြင့်ရှိပြီး ညီမဖြစ်သူကလည်း အရပ်အတူတူပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ရှည်တံအရှည်ကတော့ မတူပါဘူး။
ခြေတံရှည်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီးတွေကြားမှာ သူမက ရှိသင့်တာ ထက်ကို ရှည်နေတော့ ကြည့်ရတစ်မျိုး ဖြစ်နေမှာတော့ အမှန်ပါပဲ။ သို့ပေမယ့် သူမကတော့ ဒါကို ဂုဏ်ယူစရာ အလှတစ်ခု အဖြစ် လက်ခံ ထားပါတယ်။ ယင်းကဲ့သို့ဖြစ်လာအောင် သူမဟာ ကြိုးစား လေ့ကျင့်ခဲ့ ရခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment