မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို
ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၂၄၀၀၀၀ကျော် တင်ပို့ထားပြီး နိုင်ငံ့ဝင်ငွေရရှိမှုမှာ အမေရိကန် ဒေါ်လာ ၄၀၂ကျော်သာ ရရှိထားသေးကြောင်း သိရသည်။
ရေထွက်ကုန်များကို ပြည်ပသို့တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်တင်ပို့မှုနှင့် နယ်စပ်ကုန်သွယ်တင်ပို့မှုတို့ဖြင
ယခုဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်တင်ပို့မှုဖြင့် တင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားသော်လည်း လက်ရှိတွင် ရေထွက်ကုန်မက်ထရစ်တန်ချိန် ၁၁၀၀၀၀ ကျော်သာ တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်သာ ရရှိထားသေးကြောင်း သိရသည်။
ဆက်လက်ပြီး ရေထွက်ကုန် နယ်စပ်ကုန်သွယ်တင်ပို့မှုဖြင့် တင်ပို့ရာတွင် ယခုဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၆၀ ရရှိရန် လျာထားပြီး လက်ရှိတွင် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၃၀၀၀၀ ကျော် တင်ပို့ထားပြီး နိုင်ငံခြားဝင်ငွေရရှိမှုတွင် အမေရိကန်ဒေါ်လာသန်း ၂၁၀ ကျော်ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ရေထွက်ကုန်များတင်ပို့
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၆၅၀ ကျော်ရရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment