Pages
▼
3.1.14
ငါးထပ်ကြီးဘုရားသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုအရေအတွက် မြင့်တက်လာ
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုကို ၀င်ကြေးအခမဲ့ကောက်ခံပြီးချိန်မှစ၍ နိုင်ငံခြားသားဝင်ရောက်မှုနှုန်း မြင့်တက်လျက်ရှိကြောင်း ငါးထပ်ကြီးဂေါပက ရုံးအဖွဲ့မှ ဦးစံသိန်းက ပြောကြားသည်။
“ဘုရားဆိုတာ လူတိုင်းဖူးဖို့ထားတာ၊ ဘယ်သူမဆို လာရောက်ဖူးမြော်နိုင်တယ်၊ ဒါကြောင့် နိုင်ငံခြားသားတွေ အတွက်လည်း အခမဲ့ဆိုပြီး ဂေါပကအဖွဲ့တွေ တိုင်ပင်ပြီး လုပ်လိုက်တာပါ၊ အရင် နှစ်ဒေါ်လာကောက် တုန်းက Tour Guide တွေကလည်း ပိုက်ဆံကောက်တော့ နိုင်ငံခြားသားကို မခေါ်တာများတယ်” ဟု ငါးထပ်ကြီးဘုရားဂေါပက အဖွဲ့ဝင် ဦးစံသိန်းက ပြောကြားသည်။
ငါးထပ်ကြီးဘုရားသို့ နိုင်ငံခြားသားများအတွက် ၀င်ကြေး နှစ်ဒေါ်လာ ကောက်ခံမှုပယ်ဖျက်ခဲ့သည့် ၂၀၁၃ နိုဝင်ဘာမှ ယခု ၂၀၁၄ ဇန်န၀ါရီအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်းမှာ အလှူငွေရရှိ မှုနှုန်းအရ လာရောက်မှုနှုန်း မြင့်တက်လာကြောင်း သိရသည်။
“နိုင်ငံခြားသားဝင်ရောက်နှုန်း စာရင်းက အလှူငွေပုံးမကြည့်ရသေးတော့ ပြောရခက်တယ်၊ အခမဲ့သတ်မှတ်ပြီးတော့ စာရင်းလည်းမထားတော့ဘူး၊ အရင်ထက်တော့ များလာပါတယ်”ဟု ငါးထပ်ကြီးဂေါပကရုံး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ငါးထပ်ကြီးဘုရားသို့ လာရောက်သည့် နိုင်ငံခြားသားအများစုမှာ ခြောက်ထပ်ကြီးဘုရားမှ တစ်ဆင့်လာရောက်ခြင်းဖြစ်သည်။အများဆုံးလာရောက်ကြသည့်နိုင်ငံများမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး ထိုင်းနိုင်ငံမှ အလာများကြောင်း သိရသည်။ အခြားနိုင်ငံများဖြစ်သည့် အမေရိကန်၊ ဆွစ်ဇာလန်နိုင်ငံများမှလည်း ခရီးသွားရာသီ အရ၀င်ရောက်မှုနှုန်း များပြားလျက်ရှိသည်။
Eleven Media Group
No comments:
Post a Comment