ဝန်ကြီးဦးစိန်ဦး၏ ပြောကြားချက်အရ ၂၀၁၄ နှစ်ကုန်ပိုင်းတွင်မှ ပြည်နယ်တစ်ခုလုံး မီးရရှိမည်ဟု ပြော ဆိုလိုက်ခြင်းမှာ ကယားပြည်နယ်တစ်ခုလုံးအနေနှင့် မီးလင်းရန် တစ်နှစ်ကြာဦးမည်ဖြစ်သည်။
“မြို့ပေါ်တင်မကပါဘူး ကျေးရွာအားလုံး မီးရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ ဆိုလာစနစ်နဲ့ ရော လျှပ်စစ်ဓာတ်အားစနစ်နဲ့ပါ ဆောင်ရွက်မှာပါ”ဟု ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးဦးစိန်ဦး က ပြောသည်။
၂၀၁၄-၁၅ ခုနှစ်တွင် ကျေးရွာတိုင်း ရာနှုန်းပြည့်မီးလင်းရေးအစီအစဉ်၏
၂၀၁၃ အောက်တိုဘာအထိ ကျေးရွာပေါင်း ၇၉ ရွာကို လျှပ်စစ်မီးစနစ်ဖြင့်လည်းကောင်း
ကယားပြည်နယ် လောပိတ ရေအားလျှပ်စစ်မှ ရန်ကုန်၊ မန္တလေးကဲ့သို့ မြန်မာနိုငံ၏ မြို့ကြီးများသို့ လျှပ် စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိပြီးသော်လည်
လျှပ်စစ်တာဝါတိုင်အနီးတွင် အခြား ဖျက်ဆီးသူများရန်မှ ကာကွယ်ရန် အစိုးရမှ ထောင်ထားသော မိုင်း များလည်းရှိနေပြီး ဒေသအတွင်းရှိ ကျွဲနွားများ မကြာခဏ ထိခိုက်ဒဏ်ရရှိသည်ဟုလည်း ဒေသခံများက ပြောသည်။ ကျေးရွာပေါင်း ၅၁၁ ရွာရှိသည့် ကယားပြည်နယ်သည် လက်ရှိအချိန်တွင် မြို့ပေါ်ဒေသများ တွင်သာ လျှပ်စစ်မီးရရှိပြီး အခြားဒေသများတွင် တစ်ပိုင်တစ်နိုင် ဘက်ထရီအိုးနှင့် ဖယောင်းတိုင်များကို အသုံးပြုနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နိုင်ငံတော်မှအသုံးပြုကာ ပြည်တွင်း ဖြန့်ဖြူးပေးနေသည့် အသုံးပြုနေသည့် လျှပ်စစ်စွမ်းအင်၏ ၂၀ ရာခိုင် နှုန်းမှာ ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံအမှတ် (၁)နှင့် အမှတ် (၂)တို့မှ ဖြစ်သည်။ ကယားပြည်နယ်တွင်ရှိပြီး မြို့နယ်ခုနစ်မြို့နယ်နှင့် မြို့နယ်ခွဲ တစ်မြို့နယ်၊ စုစုပေါင်း ရှစ်ခုဖြင့် ဖွဲ့စည်း ထားသည်။
Mizzima - News in Burmese
No comments:
Post a Comment