မိန်းကလေးတွေလည်း ဥာဏ်ကောင်းပါတယ်။ ကမ္ဘာ့ဥာဏ်အကောင်းဆုံးနေရာမှာတာင် နံပါတ် ၈ မှာ ရပ်တည်နေတယ်။ သူလေးကတော့ ...... 8. Judit Polgar (IQ 170)
သူမဟာ ဂျူလိုင် ၂၃ ရက် ၁၉၇၆၊ ဟန်ဂေရီမှာ မွေးဖွားခဲ့ပါတယ်။ IQ 170 ရှိသော Judit ကတော့
Chess ကစားတဲ့နေရာမှာ အတော်ဆုံး
မိန်းကလေးတစ်ဦးလို့ သမိုင်းမှာ
နာမည်တွင်ကျန်နေဆဲပါ။ အသက် ၁၅ နှစ်အရွယ်ကတည်းက သူမဟာ Grand-Master ဆုကို
ရရှိခဲ့ပါတယ်။
အသက်ငယ်နေသေးပေမယ့်လည်း သူမဟာ ရရှိခဲ့ပါတယ်။ သူမဟာ
အခုလက်ရှိ ကမ္ဘာပေါ်မှာ နံပါတ် ၁ စွဲနေသော Chess မိန်းကလေး ကစားသမား
တစ်ဦးလည်း ဖြစ်ပါတယ်။ Judit ဟာ ကမ္ဘာချန်ပီယံများကို ပြိုင်ပွဲမှာ
အလဲထိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Judit ဟာ Chess ကို
ငယ်ငယ်လေးကတည်းက သူမရဲ့ အထူးပြုဘာသာရပ်အဖြစ် လေ့လာပြီး ကြိုးကြိုးစားစား
လေ့လာကစားခဲ့သူတစ်ဦးပါ။ သူမရဲ့အဖေက ဘယ်အရာမှာမဆို ကြိုးကြိုးစားစား
လေ့လာရင် အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။
သူမ အဖေရဲ့
ယုံကြည်မှုအောက်မှာ Judit ဟာ ယောကျာ်းလေးများနှင့်အတူ ယှဉ်တွဲ
ကစားခွင့်မပေးတဲ့ ဟန်ဂေရီ ချက်စ် ကော်မတီမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ အဆင့်
တစ်ဆင့်ချင်းစီမှာလည်း ချန်ပီယံ မဖြစ်မခြင်း ကြိုးစားမယ်ဆိုပြီး
သတ်မှတ်ခဲ့ပါတယ်။ သူ့အမနှစ်ယောက်နှင့်အတူ သူ့ရဲ့ကလေးဘ၀ဟာ Chess လောကမှာ
ကျွမ်းကျင်တဲ့ ပါရဂူသမားတစ်ယောက်ဖြစ်အောင် ကြိုးစားမှုများနှင့် သူ့အဖေရဲ့
ညွှန်ကြားပြသမှုအောက်မှာ ဖြတ်သန်းခဲ့ရပါတယ်။
SQUAR
No comments:
Post a Comment