Pages

10.1.14

DKTA တပ်ဖွဲ့

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက သူ့ရဲ့ ဟောပြောပွဲတွေမှာ သရုပ်ပြအဖွဲ့ကို ပွဲထုတ်ထားပါတယ်။

မကြာသေးခင်က ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အာစရိယပူဇော်ပွဲ အထိမ်းအမှတ်၊ စာပေဟော ပြောပွဲနှင့် ပဒေသာကပွဲကို ဦးကျော်သူ တက်ရောက်ခဲ့ပါတယ်။



"လူမှုရေး (ပရဟိတ) ကိုယ်တွေ့အကြောင်းအရာများ၊ အသင်း၏လှုပ်ရှားမှုများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်စဉ်တွင် လေ့လာခဲ့သည့် သင်္ချိုင်း/သုဿန်များတို့အား Projector (ပရိုဂျက်တာ) ဖြင့် ပြသ/ဟောပြောမှုနှင့် Here & Now Dance Crew အဖွဲ့၏ (အနိစ္စတရား၊ စစ်နှင့် ငြိမ်းချမ်းရေး၊ စုန်းမ) အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်"
လို့ ဦးကျော်သူက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။

ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်မယ့် ဟောပြောပွဲတခုမှာလည်း ဦးကျော်သူက ဒီအကအဖွဲ့နဲ့ ပူးတွဲ တင်ဆက်မယ်လို့ သိရပါတယ်။

ဒီပို့ ခေါင်းစဉ်ကို DKTA တပ်ဖွဲ့ လို့ ပေးလိုက်ပါတယ်။
ဒီမိုကရက်တစ်ကျော်သူအာမီ ဆိုပါစို့။

စစ်တပ်အဖွဲ့ မဟုတ်ပေမယ့်လည်း အဲဒီပုံစံ သရုပ်ပြနေတဲ့အတွက် အာမီ လို့ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ဧရာဝတီblog

သရုပ်ပြအဖွဲ့နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးထားတဲ့ ဦးကျော်သူ (ဓာတ်ပုံ - ဦးကျော်သူ ဖေ့စ်ဘုတ်)

No comments:

Post a Comment