တစ်နှစ်အတွင်း အများပိုင် ကုမ္ပဏီအရေအတွက် နှစ်ဆကျော် တိုးတက်လာကြောင်း
အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား
ရေးမှူးချုပ် ဦးအောင်နိုင်ဦးက မဇ္ဈိမသို့ ဇန်န၀ါရီလ ၆ ရက်တွင်
ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က
ုန်အထိ
အများပိုင်ကုမ္ပဏီအရေအတွက် ၃၀ ကျော်သာရှိရာမှာ ၂၀၁၃ ခုနှစ် နှစ်ဝက်တွင် ၆၀
ကျော်သို့ တိုးတက်ခဲ့ကာ ၂၀၁၄ ဇန်န၀ါရီလ ၆ ရက်အထိ မှတ်ပုံတင်ချထားပေး
ပြီးသော အများပိုင်ကုမ္ပဏီအရေအတွက်မှာ ၁၂၀ ဖြစ်သည်ဟု
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန
နေပြည်တော်ရုံး၏တာဝန်ရှိသူက မဇ္ဈိမ၏ဆက်သွယ်မေးမြန်းခြင်းအား
ပြန်လည်ဖြေကြားခဲ့ သည်။
ဦးအောင်နိုင်ဦးက
“နှစ်ဝက်လောက်တုန်းကတော့ အများပိုင်ကုမ္ပဏီက ၆၀ ကျော် ၇၀ လောက်ပဲရှိ တယ်။
အခုတော့ မှတ်ပုံတင်ပြီးသား တစ်ရာကျော်သွားပါပြီ” ဟု ပြောသည်။
ထိုသို့ အများပိုင်ကုမ္ပဏီများ တစ်ဟုန်ထိုးတိုးတက်လာခြင်းသည်
အများပိုင်အဖြစ် လုပ်ငန်းအသစ်များ ထူထောင်ကြခြင်းအပြင် AGD ဘဏ်ကဲ့သို
ယခင်ကပုဂ္ဂလိကပိုင်အဖြစ်ရှိခဲ့သော ကုမ္ပဏီများအနေဖြင့် အများပိုင်အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းကြခြင်းများလည်းရှိကြောင်း
လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြော ကြားသည်။ သို့ရာတွင် အထက်ပါကဲ့သို့
တစ်ဟုန်ထိုးများပြားလာနေသည့် အများပိုင်ကုမ္ပဏီများအနေ ဖြင့်
ရှယ်ယာတန်ဖိုးများသတ်မှတ်ခြင်းကဲ့သို့သော အခြေခံလုပ်ထုံးလုပ်နည်းများမှစ၍ နိုင်ငံတကာကျင့် ထုံးများနှင့် ကိုက်ညီမှု အားနည်းနေဆဲဖြစ်ကြောင်းစီးပွားရေးသုတေသနကုမ္ပဏီဖြစ်သည့်
Thura- Swiss ၏စီအီးအို ဒေါက်တာအောင်သူရက ၂၀၁၃ ခုနှစ်
နှစ်လည်တွင်ကျင်းပခဲ့သော မီဒီယာရှင်းလင်း ပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အများပိုင်ကုမ္ပဏီများနှင့် စပ်လျဉ်းကာ စီးပွားရေးပညာရှင် ဦးလှမောင်က“တိုင်းပြည်တစ်ပြည်ရဲ့
စီးပွား ရေးတိုးတက်ဖို့အတွက် အများပိုင်ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍက
တအားအရေးပါပါတယ်။ အမေရိကန် တို့ ဂျပန်တို့ရဲ့စီးပွားရေးတွေ
အချိန်တိုအတွင်းတိုးတက်ခဲ့တာမှာ
အများပိုင်ကုမ္ပဏီတွေကြောင့် အများ ကြီးပါခဲ့တယ်။ ပြီးတော့
စတော့အိတ်ချိန်းဈေးကွက် အကောင်အထည်ဖော်ဖို့အတွက်လည်း အား ကောင်းတဲ့
အများပိုင်ကုမ္ပဏီတွေ အတော်များများလိုပါတယ်” ဟု မဇ္ဈိမသို့ ပြောကြားသည်။
ဦးလှမောင်က ဆက်လက်၍ အများပိုင်ကုမ္ပဏီများထူထောင်ခြင်းသည်
နိုင်ငံ့စီးပွားရေးသို့ သက်ရောက်မှုအပြင် လူတစ်ဦးချင်းစီအတွက်လည်း
ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများကိုပါ ကျယ်ပြန့်လာစေမည်ဟု
ပြောကြားသည်။
Mizzima - News in Burmese
No comments:
Post a Comment