နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် အချက်အလက်ဆိုင်ရာ အဖွဲ့ချုပ် (IFFHS)၏
ရွေးချယ်မှုကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်နှင့်
လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာတို့ကမူ သဘောတူဖွယ် မရှိချေ
အငြင်းပွားစရာ ကြီးကြီးမားမား ဆုံးဖြတ်ချက် အမှားများ ရှိခဲ့သော်လည်း
အင်္ဂလန် ဒိုင်လူကြီး ဟောင်းဝပ်ဝက်ဘ် အနေဖြင့် (၂၀၁၃)ခုနှစ်၏
ကမ္ဘာ့အကောင်းဆုံး ဘောလုံးဒိုင်လူကြီးအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း
သိရှိရသည်။ နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် အချက်အလက်ဆိုင်ရာ အဖွဲ့ချုပ်
(IFFHS)၏ ရွေးချယ်မှုကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ
ဒေးဗစ်မိုယက်စ်နှင့် လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာတို့ကမူ သဘောတူဖွယ်
မရှိချေ။ ပြီးခဲ့သည့် လပိုင်းအတွင်း လီဗာပူးလ်နှင့် ယူနိုက်တက်တို့သည်
ဝက်ဘ်၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့် ကြီးကြီးမားမား နစ်နာမှုများ
ကြုံခဲ့ရသည်။
တောင်ပိုင်းယော့ခ်ရှိုင်းယား ဒေသမှ ရဲဝန်ထမ်း
တစ်ဦးလည်းဖြစ်သည့် ဝက်ဘ်သည် အီတလီမှ နစ်ကိုလာ ရစ်ဇိုလ်နှင့် ဟန်ဂေရီမှ
ဗစ်တာကာဆိုင်တို့ကို ကျော်ဖြတ်ကာ IFFHS၏ အကောင်းဆုံး ဒိုင်အဖြစ်
အမှတ်ပေးခြင်း ခံရခြင်း ဖြစ်သည်။ ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်တွင်
ယူနိုက်တက် တောင်ပံလူ လူးဝစ်နာနီကို အငြင်းပွားဖွယ် တိုက်ရိုက်အနီကတ်ပြ
ထုတ်ပယ်ခဲ့ဖူးပြီး ချယ်လ်ဆီးကိုလည်း နစ်နာထိခိုက်စေမည့် ဆုံးဖြတ်ချက်များ
ချမှတ်ဖူးသူ တူရကီဒိုင် ကူညက်ကက်ခါက ယခုစာရင်းတွင် ပဉ္စမချိတ်သည်။
ဝက်ဘ်သည် ချယ်လ်ဆီးနှင့်ပွဲတွင် လီဗာပူးလ်အသင်း သေချာပေါက် ရသင့်သည့်
ပင်နယ်တီကို ငြင်းဆိုခဲ့သလို တော့တင်ဟမ် ဟော့စပါးနှင့် ကစားသော ပွဲစဉ်၌လည်း
ယူနိုက်တက် တောင်ပံလူ အက်ရှ်လေယန်းကို စပါးဂိုးသမား ဟူဂိုလောရစ်က
ဧရိယာအတွင်း ပြင်းပြင်းထန်ထန် ဖျက်ထုတ်ခဲ့ခြင်းအား မျက်ကွယ်ပြုခဲ့သူ
ဖြစ်သည်။ ဝက်ဘ်သည် (၂၀၁၀)ပြည့်နှစ်ကလည်း IFFHS၏ အကောင်းဆုံး ဒိုင်အဖြစ်
ရွေးချယ်ခံရဖူးပြီး (၂၀၁၂)ခုနှစ်တွင်မူ တတိယ နေရာထိ
အမှတ်လျော့သွားခဲ့ဖူးကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment