Pages

15.1.14

မိဘကို ...ဘယ်လို ကျေးဇူးဆပ်မလဲ ???

လောကမှာ တာဝန်တွေရှိပါတယ်။
တာဝန်ကျေတဲ့သူဟာ ကျက်သရေ ရှိပါတယ် ။
တာဝန်မကျေတဲ့သူဟာ ကျက်သရေ မရှိပါဘူး။
ဒါဟာ - ဘုရားဟောပါ။

■ တာဝန်ဆိုတဲ့ စကားလေးဟာ ဘ၀ကို
အဓိပ္ပါယ်ရှိရှိ တည်ဆောက်လိုသူတွေ ရဲ့ နုလုံးသားထဲမှာ
အစဉ်သဖြင့် သန္ဓေတည်သင့်နေတဲ့ စကားလေးပါ။

■ “မာတာပိတု ဥပဌာန မင်္ဂလာ” ဆိုတာ တာဝန်ပါ။
ဝတ္တရား မဟုတ်ပါဘူး။
ဝတ္တရားကို ကြောင့်ကြမဲ့ နေလို့ရပေမယ့်
တာဝန်ကိုကျတော့ ကြောင့်ကြမဲ့နေလို့ မရပါဘူး။

■ စာရေးသူ ပြောပြချင်တာကတော့ မိဘက
တာဝန် မကျေခဲ့တာတွေကိုတော့
သူ့အပိုင်း နဲ့သူ ထားလိုက်ပါတော့။
တာဝန်ဆိုတဲ့ စကားလေးကိုပဲ နှလုံးသွင်းပြီး
မျက်စိမှိတ် ထောက်ပံ့ကူညီပစ် လိုက်ပါ။

■တာဝန်ကျေလိုက်တာနဲ့ ဘ၀ဆိုတာ ပိုအဓိပ္ပါယ် ရှိသွား
တာပါပဲ။ စာစကားနဲ့ ပြောရရင် “မာတာပိတု ဥပဌာန မင်္ဂလာ” ဖြစ်ထွန်းသွားတာပါပဲ။ဒါတွေကတော့ -

မိဘနဲ့ သဟဇာတ မဖြစ်တဲ့ သားသမီးတွေ အတွက်ပါ။
မိဘနဲ့ သဟဇာတ ဖြစ်တဲ့ သားသမီးတွေအတွက်ကတော့
အထူးပြောနေ စရာ မလိုပါဘူး။

စားသောက်ဖွယ်တွေ ပစ္စည်းဝတ္တုတွေနဲ့လည်း
ကျေးဇူးဆပ်နေကြမှာပါပဲ။ ဒါတွေကတော့ - လောကီနည်းနဲ့ ကျေးဇူးဆပ်နည်းတွေပါပဲ။ေ လာကီနည်းနဲ့ ကျေးဇူးဆပ်ပြီးရင် တဆင့်တက်ပြီးလောကုတ္တရာနည်း နဲ့ ကျေးဇူးဆပ်ဖို့လည်း
လိုပါတယ်။

လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်ပုံကတော့ .....
(၁) သဒ္ဒါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရား ရှိလာအောင်၊

(၂) သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်
ဖြစ်အောင်၊

(၃) ဒါနမပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်၊

(၄) တရား အားမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ်
ဖြစ်အောင် ပရိယာယ်နဲ့ပဲ ဖြစ်ဖြစ် ၊ တိုက်ရိုက်ပဲဖြစ်ဖြစ် ဖန်တီးစီစဉ်ပေးရပါ့မယ်။

■ မိဘကို လောကီနည်း၊လောကုတ္တရာနည်း နှစ်မျိုးနဲက ကျေးဇူး
ဆပ်နေတဲ့ သားသမီးကို မင်္ဂလာတရားက သူ့ရဲ့ကြောင်းကျိုး
သတ္တိအားလျော် စွာ ကျေးဇူ့ပြုသွားမှာပါ။

တကယ်လို့ -
■ ဘ၀မှာ အခက်အခဲ တစ်စုံတရာ ကြုံခဲ့ရင်တောင်မှ
ကိုယ်ပြုခဲ့တဲ့ “မာတာပိတု ဥပဌာန မင်္ဂလာ”ကို
သစ္စာဆိုပြီး ဖြေရှင်းပစ်လို့ရပါတယ်။

ကဲ ... စာဖတ်သူတို့ရေ -

နည်းနည်းလောက် စမ်းကြည့်လိုက်ပါလား ???
အစစ အရာရာ အဆင်ပြေသွားရအောင်လေ။

- အရှင်ရာဇိန္ဒ[ရဝေနွယ်- အင်းမ ]
Dhamma Danã Source ►
Young Buddhist's Association

No comments:

Post a Comment