ယခုလက်ရှိတွင် အလုပ်သမား အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်ရပ်ဆဲမှုဆိုင်ရာ ဆိုင်ရာထုတ်ပြန်ချက်များအပေါ်
မြန်မာနိုင်ငံ
အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ယာယီ) အနေဖြင့်
ကန့်ကွက်ကြောင်း သဘောထားမှတ်ချက်များကို အလုပ်သမား အလုပ်ကိုင် နှင့်
လူမႈဖူလုံေ
ရးဝန်ကြီးဌာနသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၅
ရက်နေ့က သိရသည်။
အလုပ်ရပ်ဆဲမှုဆိုင်ရာ ဆိုင်ရာထုတ်ပြန်ချက်အား
အလုပ်သမား အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၂၀၁၃
ခုနှစ်တွင်ထုတ်ပြန်ထားခဲ့သော်လည်း ယခုအချိန်တွင် အကြောင်းအမျိုးကြောင့်
အလုပ်ရပ်ဆဲမှုဆိုင်ရာ ဖြင့်အလုပ်သမားသမဂ္ဂများအား
အလုပ်ထုတ်နေခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့
ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်လင်းကပြောသည်။
“လက်ရှိမှာ
အလုပ်သမဂ္ဂခေါင်းဆောင်တွေဟာ အလုပ်ရပ်ဆဲမှုဆိုင်ရာ ဆိုင်ရာထုတ်ပြန်ချက်နဲ
့အလုပ်ခံနေ ရတယ်။ အခုအချိန်အထိ အလုပ်သမားသမဂ္ဂတွေကို ကာကွယ်တဲ့ဥပဒေတွေ
မရှိသေးဘူး ဒီအတိုင်းသာ ဆက်သွား နေမယ်ဆိုရင် ဖိနိုပ်ခံနေရဦးမှာပဲ ” ဟု
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်လင်းက ဆိုသည်။
မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ယာယီ) အနေဖြင့်လည်း လက်ရှိ
ကမ္ဘောဒီးယားနိုင် ငံတွင် ဖြစ်ပေါ်နေသော အလုပ်သမားဆန္ဒပြမှုများနှင့်
ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအား မီးမောင်းထိုးပြသွားမည် ဖြစ်ကြောင်း
ဒေါက်တာအာကာမိုးသူက ပြောသည်။
“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့
မြန်မာနိုင်ငံက အလုပ်သမားအရေးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ သူနိုင်ငံမှာဖြစ်တာ
နဲ့ ကိုယ်နိုင်ငံမှာ ဖြစ်တာကို အစိုးရကို မီးမောင်းထိုးပြသွားဖို
့တော့ရှိတယ်။ အခု သူတို့ နိုင်ငံမှာနဲ့ ကျွန်တော်တို့ နိုင်ငံ မှာ က
ကျွန်တော်တို့ နိုင်ငံ နည်းနည်းလေးပဲ ကွာတယ် ” ဟု ၎င်းက
လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေ သော အလုပ်သမားဆန္ဒပြမှုများနှင့်
လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ဖြစ်ပေါ်နေသော အလုပ်သမား ဆန္ဒ
ပြမှုကွာခြားမှုများအား သုံးသပ်ပြောဆိုသည်။
အလုပ်သမားရပ်ဆဲမှုဆိုင်ရာ
သဘောထားကြေငြာချက်အား ၁၆ ရက်နေ့တွင် အလုပ်သမား အလုပ်ကိုင် နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာနအား ကန့်ကွက်ကြောင်းသဘေားထားကြေငြာချက်အားပေးပို
့သွားမည်ဖြစ်ကြောင်းသိ ရသည်။
နှင်းနွယ်
မြန်မာ့ခေတ်
No comments:
Post a Comment