ဩစေၾတးလ် အရှေ့တောင်ပိုင်း ဒေသတွင် ရာသီဥတု အလွန်အကျွံ ပူပြင်းမှုများ
ကြုံနေရပြီး အပူချိန်သည် (၄၀)ဒီဂရီ ဆဲလ်ဆီးရပ်စ် အထက်ထိ မြင့်တက်နေ
သည်။
ဩစတြေးလျ နိုင်ငံတွင်
အပူလွန်ကဲမှုကြောင့်
တောမီးများ တောက်လောင်လာနိုင်သည့် အခြေအနေကို နိုးကြား
သတိထားကြရန် တာဝန်ရှိသူများက ဆော်ဩလျှက်ရှိသည်။ ဩစတြေးလျ အရှေ့တောင်ပိုင်း
ဒေသတွင် ရာသီဥတု အလွန်အကျွံ ပူပြင်းမှုများ ကြုံနေရပြီး အပူချိန်သည်
(၄၀)ဒီဂရီ ဆဲလ်ဆီးရပ်စ် အထက်ထိ မြင့်တက်နေသည်။ ထို့ကြောင့်လည်း
ယင်းဒေသများတွင် အချိန်မရွေး တောမီးစတင် တောက်လောင်နိုင်သည့် အန္တရာယ်မျိုး
ရှိနေကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။ ဗစ်တိုးရီးယားတွင် အပူလွန်ပြီး
မိုးကြိုးပစ်မှုများ ဖြစ်ပေါ်ခဲ့သလို မီးပျံ့နှံ့လောင်ကျွမ်းမှု (၂၅၀)မျှ
ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနက ဆိုသည်။
လတ်တလောတွင်
ဗစ်တိုးရီးယား၌ မီးသုံးစွဲမှု တားဆီးမိန့်ကို ယာယီ ထုတ်ပြန်ထားသည်။
မဲလ်ဘုန်းတွင် ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲကို ကျင်းပလျှက်ရှိရာ
တင်းနစ်ကစားသမား တစ်ဦးနှင့် ဘောလုံးကောက်သည့် လူငယ်တစ်ဦးတို့သည် အပူဒဏ်
မခံနိုင်ဘဲ လဲကျသွားသည်အထိ အခြေအနေ ဆိုးခဲ့သည်။ အင်္ဂါနေ့ ညပိုင်းတွင်
မဲလ်ဘုန်း၏ အပူချိန်သည် (၃၀)ဒီဂရီ ဆဲလ်ဆီးရပ်စ် အထက်တွင် ရှိနေဆဲ ဖြစ်သည်။
ဒေသဆိုင်ရာ မီးသတ်ဌာန အကြီးအကဲ အူယန်ဖာဂူဆန်က "ရာသီဥတုက လွန်လွန်ကဲကဲ
ပူနေတယ်။ လာမယ့်(၃)ရက်အတွင်း ဖြတ်သန်းမှုတွေက မီးသတ်ဌာနနဲ့ ဒေသဆိုင်ရာ
အဖွဲ့အစည်း အားလုံးအတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ အခြေအနေက စိုးရိမ်ရတယ်။
ကျွန်တော်တို့ အနေနဲ့တော့ သဘာဝဘေး ဖြစ်ပေါ်လာနိုင်သမျှ ထိခိုက်ပျက်စီးမှု
နည်းနိုင်သမျှနည်းအောင် ကြိုးစားရမှာပါ"ဟု ပြောကြားခဲ့သည်။ ဩစေၾတးလ်
တောင်ပိုင်းဒေသ၏ မြို့တော်ဖြစ်သော အဒီလိုင်ဒေးတွင်မူ စံချိန်တင်
အပူဆုံးနေ့အဖြစ် အင်္ဂါနေ့တွင် အပူချိန်မှ (၄၅.၁)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ
ရောက်ရှိခဲ့သည်။ အပူချိန် ပြင်းထန်လွန်းသဖြင့် ယင်းဒေသရှိ
မော်တော်ကားလမ်းများတွင် ကတ္တရာများပါ အရည်ပျော်ကုန်ကြောင်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment