Pages

15.1.14

နော်ဝေးတွင် ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်သည့် ရဟတ်ယာဉ် ပျက်ကျ

အော်စလိုမြို့တော် အပြင်ဘက်တွင်ယာဉ်မတော်တဆ
မှုတစ်ခု ဖြစ်ပွားသည့်အတွက် ယင်းနေရာသို့ ရဟတ်ယာဉ် ရောက်ရှိလာပြီး မြေပေါ်

ဆင်းသက်ချိန်တွင် ယခုလို အဖြစ်ဆိုး ကြုံသွားခြင်းဟု သိရသည်။

နော်ဝေးနိုင်ငံတွင် ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူ(၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အဆိုပါ ကယ်ဆယ်ရေး ရဟတ်ယာဉ်သည် မြေပြင်ပေါ် အဆင်းတွင် ဟန်ချက်ပျက်ပြီး ပျက်ကျသွားခြင်း ဖြစ်သည်။ အော်စလိုမြို့တော် အပြင်ဘက်တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားသည့်အတွက် ယင်းနေရာသို့ ရဟတ်ယာဉ် ရောက်ရှိလာပြီး မြေပေါ်ဆင်းသက်ချိန်တွင် ယခုလို အဖြစ်ဆိုး ကြုံသွားခြင်းဟု သိရသည်။ အင်္ဂါနေ့က အဝေးပြေးလမ်းပေါ်တွင် ထရပ်ကားတစ်စင်း တိမ်းမှောက်သွားပြီးနောက် ရဟတ်ယာဉ်က ထိခိုက်ဒဏ်ရာရသူကို လာရောက်သယ်ဆောင်ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ပေါ် ပါလာသူ (၃)ဦးအနက် (၂)ဦးသေဆုံးပြီး (၁)ဦးက ဒဏ်ရာများ ရရှိထားကြောင်း ပြောကြားခဲ့သည်။ နော်ဝေးလေကြောင်း သူနာပြု ဌာနက ရဟတ်ယာဉ်သည် ယာဉ်အသွားအလာ ရှုပ်ထွေးသည့်လမ်းပေါ် အဆင်း၌ ယခုလို ပြဿနာကြုံခဲ့ခြင်းဟု ကြေညာခဲ့သည်။ ရဲများက အသေးစိတ် အချက်အလက်များကို မကြေညာသည့်တိုင် ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စင်းပေါ် လိုက်ပါလာသူများမှာ ဆရာဝန်တစ်ဦး၊ ကယ်ဆယ်ရေးဝန်ထမ်း တစ်ဦးနှင့် ရဟတ်ယာဉ်မောင်းတို့သာ ဖြစ်နေတတ်သည်။ ရဲတပ်ဖွဲ့က ရဟတ်ယာဉ် ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းနေဆဲဟု ပြောကြားထားသည်။

PlanetMyanmar

No comments:

Post a Comment