ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည်
အတိုက်အခံများ
တောင်းဆိုလျက်ရှိသော အာဏာ လက်လွှတ်ရန်
စဉ်းစားခဲ့သော်လည်း
အစ်ကိုဖြစ်သူ သက်ဆင်၏ တိုက်တွန်းမှုကြောင့် အာဏာ လက်မလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ယင်းလပ်ကို ဆန့်ကျင်သူများ၏ ဘန်ကောက် ရပ်ဆိုင်းရေး
ဆန္ဒပြမှု ပြုလုပ်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မတိုင်မီ တစ်ရက်အလိုတွင်
အိမ်စောင့် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်သော ယင်းလပ်နှင့် ထိုင်းစစ်တပ်
အကြီးအကဲ ပရာယုချန်အိုချာတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောရာတွင်
ယင်းလပ်အနေနှင့် နိုင်ငံရေး တင်းမာမှုအပေါ် စိတ်ပျက် ငြီးငွေ့နေပြီဖြစ်ပြီး
ထိုင်းစစ်တပ် အကြီးအကဲ ပရာယုထံမှ အကြံဉာဏ် တောင်းခံခဲ့ကြောင်း အဆိုပါ
သတင်းတွင် ဖော်ပြထားသည်။
ထိုင်းစစ်တပ် အကြီးအကဲ ပရာယုက
အကြံပေးရန် ငြင်းဆိုခဲ့ပြီး ဝန်ကြီးချုပ် ကိုယ်တိုင်သာ ဆုံးဖြတ်ချက်ရန်
ပြန်လည် ပြောကြားခဲ့ကာ အကယ်၍ မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့ပါက
ဝန်ကြီးချုပ်တွင်သာ တာဝန်ရှိသည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း ထိုင်းစစ်တပ်
အကြီးအကဲ ပရာယုက ဆိုသည်။
ထို့နောက် ဝန်ကြီးချုပ် ယင်းလပ်က
တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည် ဖြေကြားမည်ဟု ထိုင်း
စစ်တပ်အကြီးအကဲ ပရာယုကို ပြန်လည် ပြောကြားခဲ့ပြီး အများစုက ဝန်ကြီးချုပ်
ယင်းလပ်ရာထူးမှ ဆင်းပေးလိမ့်မည်ဟု ယူဆထားကြကြောင်း သတင်းရင်းမြစ် တစ်ခုက
ပြောကြားသည်။
နောက်ပိုင်းတွင် ဝန်ကြီးချုပ် ယင်းလပ်သည်
ဖေ့အ်ထိုင်းပါတီ အမှုဆောင်များနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး
သက်ဆင်ရှင်နာဝပ်နှင့် Skype ဖြင့် ဆက်သွယ် စကားပြောဆိုခဲ့ကြောင်း၊
ယင်းသို့ပြောဆို ရာတွင် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယင်းလပ်ရာထူးမှ
ဆင်းရန် မဖြစ်နိုင်ဟု သက်ဆင်က ပြန်လည် ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းတွင်
ဖော်ပြထားသည်။
အကယ်၍ ယင်းလပ်သာ ရာထူးမှ ဆင်းပေးလိုက်ပါက
ဆန္ဒပြသူများသည် တာဝန်ပျက်ကွက်သော ဝန်ထမ်းကိုအပြစ် ပေးနိုင်သည့်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၇ အရ တရားရုံးသို့ တိုင်ကြားကြမည် ဖြစ်ကြောင်း
သက်ဆင်က ဝန်ကြီးချုပ် ယင်းလပ်ကို သတိပေးခဲ့သည်ဟု အမည်မသိရသော
သတင်းရင်းမြစ်များက ပြောကြားသည်။
ထို့အတူ အစိုးရ ဆန့်ကျင်ရေး
ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ် ပဋိပက္ခ မဖြစ်အောင် ကာကွယ်သွားကြရန် ထိုင်းစစ်တပ်
အကြီးအကဲ ပရာယုက စစ်တပ်ကို ညွှန်ကြားခဲ့သည်။
ထိုင်းစစ်သားများ
အနေနှင့်လည်း အစိုးရရုံးများနှင့် တပ်စခန်းများကို အစောင့်အရှောက်ပေးသည့်
အခါတွင် မည်သူမည်ဝါမှန်း မသိသူများ၏ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန်
ယူနီဖောင်း မဝတ်ဘဲ ရိုးရိုးအရပ်ဝတ်ဖြင့်သာ နေကြရန် ၎င်းကညွှန်ကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် ယင်းလပ်အစိုးရ ဆန့်ကျင်သူများက မြို့တော် ဘန်ကောက်
ရပ်ဆိုင်းရေး ဆန္ဒပြမှုများကို ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့က စတင်ခဲ့ကြပြီး
ဘန်ကောက်ရှိ အချက်အချာကျသော နေရာများတွင်း ဆန္ဒပြလျက်ရှိသည်။
ဆန္ဒပြသူများက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို
ဆန့်ကျင်ကြပြီး၊ ရွေးကောက်ပွဲ မကျင်းပမီ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်
ယင်းလပ်ရာထူးမှ ဆင်းပေးရန် တောင်းဆိုလျက် ရှိသည်
The Voice Weekly
No comments:
Post a Comment