လားရှိုးမြို့တွင် ဦးစိုင်းစံမင်းမှ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသခံပြည်သူများ၏ လိုအပ်တင်ပြချက်များ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်န၀ါရီ ၅ရက်တွင် ကျင်းပခဲ့သည်။
၎င်းဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က “ကျွန်တော်ဒီပွဲကို
ကျင်းပချင်တာပါပြီ၊ ပထမအကြိမ်တုန်းက ပြည်သူလူထု တက်ရောက်တာ အရမ်းနည်းလို့
အထ မမြောက်ခဲ့ပါဘူး။ အခုက ဒုတိယအကြိမ် ဆက်လုပ်တာပါ၊ အခုတခေါက်တော့
အားရပါတယ်
မြို့ခံတွေရော ကျေးရွာဒေသခံတွေပါ တက်ရောက်တဲ့အတွက်
ကျေးဇူးတင်ပါတယ်၊ ပြည်သူတွေအနေနဲ့ ကျွန်တော့်ကို
ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါ။ လွတ်လွတ်လပ်လပ်ပြောကြပါ၊
ဒီမှာရှင်းပေးလို့ ပြီးတဲ့ဟာဆို တခါထဲရှင်းပေးပါ့မယ်၊ လွှတ်တော်မှာ
တင်ပြရမယ့်ဟာဆိုရင်လဲ လွှတ်တော်ကို ယူသွားပြီး အကောင်းဆုံးဖြစ်အောင်
ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ကျားဖြူပါတီမှ ဦးစိုင်းစံမင်းက ပြောသည်။
ဆွေးနွေးပွဲသို့တက်ရောက်သူတစ်ဦးကလဲ “ဟုတ်ကဲ့ ကျွန်တော်သိချင်တာလေး
တစ်ခုကတော့ သန်းခေါင်စားရင်းနဲ့ အိမ်အကြောင်းအရာ သိကောင်းစရာဆိုတဲ့
ခေါင်းစဉ်နဲ့ ပတ်သက်လို့ ရှင်းလင်းပြောပြပေးစေခြင်းပါတယ်”ဟု ဒေသခံတစ်ဦးက
ဆွေးနွေးတင်ပြသည်။
အဆိုပါဆွေးနွေးတင်ပြမှုကို မြို့နယ်လ၀က
ဦးစီးမှူးဦးလေးမောင်က “ကျေးဇူးတင်ပါတယ်၊ ပြည်သူတွေအနေနဲ့
ဒီလိုပွင့်လင်းမြင်သာစွာနဲ့ မေးတာကို လေးစားပါတယ်၊ သန်းခေါင်စာရင်း ဆိုတာ
ဆရာတို့ အမြဲကြားနေရတဲ့အတိုင်း မတ်လ ၂၉ရက်ည သန်းခေါင်ယံ အချိန်မှာ
ကောက်ယူတာကို ဆိုတာပါ၊ ဥပမာဗျာ လူကြီးမင်းတို့ဟာ မိတ်ဆွေတဦးရဲ့အိမ်မှာ
အဲ့ဒီညရှိနေတာကို စာရင်းကောက်ယူတာကို ဆိုလိုခြင်းဖြစ်ပါတယ်၊ နောက်ရက်မှာ
ဆရာတို့ အနေနဲ့ မိမိအိမ်မှာရှိတဲ့ အချိန်မှာ စာရင်းလာကောက်ခဲ့ရင် နောက်ထပ်
ဖြေစရာ မလိုတော့ပါဘူး၊ သန်းခေါင်စာရင်း ကောက်ယူရတာကလဲ
မြန်မာနိုင်ငံအတွင်းမှာ ကျား/မလူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာကို
ကောက်ယူတာပါ၊ စာရင်းတိတိကြကြသိရတော့မှ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးနိုင်မှာဖြစ်လို့ပါ၊ ဒါကြောင့်မေးခွန်းများကို
မှန်မှန်ဖြေပေးစေခြင်ပါတယ်”ဟု ၎င်းကပြောသည်။
ဆက်လက်ပြီး
သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာများကို
အသေးစိတ်အကျယ်တ၀င့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်သူများမှလည်း
လိုအပ်ချက် သိလိုသည်များကို တစ်ဦးခြင်း ဆွေးနွေးတင်ပြရာ တင်ပြချက်များကို
သက်ဆိုင်ရာဌာနများမှ ပြန်လဲရှင်းလင်းဖြေကြားခဲ့ကြသည်။
ထွန်းထွန်း၊စိုးမင်းနိုင်
မြန်မာ့ခေတ်
No comments:
Post a Comment