ကချင်ပြည်နယ်မိုးညှင်းမြို့ အရှေ့စုရပ်ကွက်တွင် (၆၆)နှစ်မြောက်
လွှတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများကို
ပြည်ခိုင်ဖြိုးပါတီမှ ဦးစီး၍
နံနက်၉နာရီမှ စတင်ကျင်းပခဲ့ရာ အားကစားပြိုင်ပွဲ (၁၅)မျိုးအနက်
ရိုးရာရုံးခမောက်ချုပ်ပြိုင်ပွဲကို ထည့်သွင်းခဲ့ကြောင်း သိရသည်။
“အရှေ့စုရပ်ကွက်မှာရိုးရာလိုဖြစ်နေတဲ့ ရုံးခမောက်ချုပ်ပြီး
အသက်မွေးဝမ်းကျောင်းရတဲ့ အမျိုးသမီးတွေကို အားပေးချင်လို့
ခမောက်ချုပ်ပြိုင်ပွဲကို ထည့်ခဲ့တာပါ” ဟု ရပ်ကျေးတာဝန်ခံ ကိုလှမြင့်က
ပြောသည်။
မြို့နယ်ပါတီမှ ကျပ်၅သိန်းဖြင့် ရပ်ကွက်ပါတီဝင်၊
အလှူရှင်တွေအင်အားနှင့် စုပေါင်းကုန်ကျခံကာ ပြိုင်ပွဲဖြစ်မြောက်အောင်
ပထမဆုံးအကြိမ်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကျေးအလုပ်အမှုဆောင်
ဦးလှပိုက ပြောသည်။
သီဟအောင်(ကချင်)
မြန်မာ့ခေတ်
No comments:
Post a Comment