Super Junior အဖွဲ့မှ အဆိုတော် လီထိုက်သည် ၄င်းစစ်မှုထမ်း နေစဉ် ဇန်နဝါရီ ၆
ရက်က ၄င်း၏ဖခင်နှင့် အဘိုး၊ အဘွားတို့သည် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။
လီထိုက်နှင့် သူ၏ မိသားစု သည် ကြေကွဲဝမ်းနည်းဖွယ် အဖြစ်ဆိုးအတွက်
မယုံနိုင်လောက် အောင်ခံစား နေရကြောင်း၊ လီထိုက်သည် အသုဘ အခမ်းအနား
တက်ရောက်ရန် အတွက် ဆေးရုံသို့ အမြန်ဆုံး ပြန်လာခဲ့ရကြောင်း Super Junior
အဖွဲ့၏ အနုပညာ အေဂျင်စီ ဖြစ်သော SM အေဂျင်စီက ပြောကြားခဲ့သည်။
Super Junior အဖွဲ့ဝင် များကလည်း သူငယ်ချင်း ဖြစ်သူ၏ ဝမ်းနည်းကြေကွဲဖွယ်
အခြေအနေ တွင် အတူရှိနေ ပေးရန် ၄င်းတို့၏ အနုပညာ အလုပ်များကို ခေတ္တနား ထား
ရကြောင်း သိရသည်။
လီထိုက်၏ အနုပညာ ညီအစ်ကို မောင်နှမများနှင့်
၎င်းကို ချစ်ခင်သူ ပရိသတ်များက လီထိုက်နှင့် ထပ်တူ ဝမ်းနည်းကြောင်း
စာလွှာများနှင့် ၄င်းကို အားပေးစကား ပြောကြား ထားသော စာလွှာများကို Super
Junior အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် လာရောက်ရေးသား ကြကြောင်း သိရသည်။
လီထိုက်၏ ဖခင်နှင့် အဘိုးအဘွားများ၏ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍
ဖြစ်ရိုးဖြစ်စဉ် ဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း
သိရသည်။
မြ၀တီ
No comments:
Post a Comment