သတင်းအချက်အလက်နှင့် နည်းပညာပိုမို အသုံးချလာနိုင်စေရန် ပြုလုပ်မည်ဖြစ်သည်ဟု Business Standard သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ Infosys သည် အကြံပေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် မြန်မာအစိုးရထံမှ ကမ်းလှမ်းမှု ရရှိထားပြီးဖြစ်သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Infosys ရုံးချုပ်များသို့ သွားရောက်လေ့လာခဲ့ပြီး သူမ၏ ခရီးစဉ်အတွင်း ကုမ္ပဏီထိပ်ပိုင်း အရာရှိများနှင့် ဆွေးနွေးပြောဆိုမှုများတွင် ဒေါ်အောင်ဆန်းစုကြည်က နည်းပညာသည် မြန်မာနိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှုတွင် မည်ကဲ့သို့အရေးပါကြောင်း ဆွေးနွေးခဲ့သည်။ လက်ရှိတွင် Infosys သည် မြန်မာနိုင်ငံမှ အင်ဂျင်နီယာကျောင်းသား ၁၀၀ အား ခြောက်လကြာ သင်တန်းပေးလျက်ရှိသည်ဟု သိရသည်။
Infosys သည် အိန္ဒိယနိုင်ငံတွင်လည်း အစိုးရလုပ်ငန်းဆိုင်ရာများ ခေတ်မီရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေပြီး ၎င်းတို့တွင် ၀င်ငွေခွန်ဌာန၊ စီမံခန့်ခွဲခြင်းနှင့် စာတိုက်ဌာန၊ သတင်းအချက်အလက် ခေတ်မီရေးလုပ်ငန်းတို့ ပါဝင်သည်။
“အိန္ဒိယနိုင်ငံမှာ အောင်မြင်နေတဲ့ Infosys ရဲ့ လုပ်ငန်းတွေကနေ အရှေ့တောင်အာရှမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ e-governance လုပ်ငန်းစဉ်တွေမှာလည်း အသုံးချနိုင်ဖို့ ကြိုးပမ်းနေပါတယ်” ဟု ကုမ္ပဏီသတင်းရင်းမြစ်က ပြောဆိုသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမျ
နိုင်ငံတကာ သတင်းအချက်အလက်အဖွဲ့၏ လေ့လာချက်စစ်တမ်းအရ မြန်မာနိုင်ငံ၏ အိုင်တီကဏ္ဍသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တစ်နှစ် ၁၆ ရာခိုင်နှုန်းဖြင့် တိုးတက်သွားဖွယ်ရှိပြီး ၂၀၁၆ ခုနှစ်၌ မြန်မာနိုင်ငံ၏ အိုင်တီကဏ္ဍ သုံးစွဲမှုသည် အမေရိကန်ဒေါ်လာ ၂၃၃ သန်းကျော်ရောက်ရှိ လာမည်ဖြစ်သည်ဟု ဆိုသည်။
Eleven Media Group
No comments:
Post a Comment