Pages

19.1.14

မော်ရင်ဟို ချက်လ်ဆီးမှ ထွက်ခွာမည်မဟုတ်

ချယ်လ်ဆီးနည်းပြကြီး မော်ရင်ဟိုက သူ့အနေဖြင့် ချယ်လ်ဆီးအသင်း တွင် ကြာကြာနေမည်ဖြစ်သကဲ့သို့ ချယ်လ်ဆီးကိုခွာပြီး ဘယ်မှမသွားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ပေါ်တူဂီသား အသက် ၅၀ ရှိ မော်ရင်ဟိုသည် ၂၀၀၇ ခုနှစ်က ချယ်လ်ဆီးမှ ထွက်ခွာသွားပြီးနောက် ဒုတိယအကြိမ်ချယ်လ်ဆီးနည်းပြဖြစ် လာခြင်း ဖြစ်သည်။ ၎င်းသည် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီမီယာလိဂ်ဖလားနှစ်လုံး ရအောင် ကြိုးစားပေးခဲ့သူဖြစ်သည်။

၂၀၁၃ ခုနှစ်က ချယ်လ်ဆီးအသင်း နည်းပြလုပ်ရန် ဒုတိယအကြိမ်ပြန်ရောက်လာခြင်းဖြစ်သည်။ ၎င်းသည် အင်တာမီလန်နှင့်ရီးရဲ မက်ဒရစ်တို့တွင်လည်း နည်းပြလုပ်ခဲ့သည်။

"ကျွန်တော့်ကိုချစ်တဲ့သူတွေ ချယ်လ်ဆီးမှာရှိနေသရွေ့တော့ ကျွန်တော်ဘယ်ကိုမှ မသွားပါဘူး" ဟုလည်း မော်ရင်ဟိုက ဆိုသည်။ မော်ရင်ဟိုသည် ၂၀၀၄ ခုနှစ်က ပေါ်တူဂီကလပ် ပေါ်တို ကိုချန်ပီယံလိဂ်ဖလားရယူပေးခဲ့ပြီးနောက် ချယ်လ်ဆီးသို့ ရောက်ရှိလာ သည်။ ၎င်းသည် ချယ်လ်ဆီးအသင်းကို ပရီမီယာလိဂ်ဖလား နှစ်လုံးအပြင် အက်ဖ်အေဖလားကိုလည်း ရယူပေးနိုင်ခဲ့သည်။

MOI Webportal Myanmar

No comments:

Post a Comment