လှိုင်သာယာ-တွံတေး လမ်းမကြီးဘေးရှိ ကျူးကျော်တဲများ ဆောက်လုပ် နေထိုင်သူ
များကို ရဲတပ်ဖွဲ့ဝင်များ၊ အနီရောင် လက်ပတ်နှင့် အရပ်ဝတ်များက
ဝင်ရောက်ဖယ်ရှား ရှင်းလင်းရာ၌ တားမြစ်
နှောင့်ယှက်ကာ ခဲနှင့် ပစ်ခြင်းနှင့် ဆဲဆိုမှုများ ပြုလုပ်ခဲ့သူ ၁၈ ဦးကို
ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် ထပ်မံအရေးယူ ဖမ်းဆီးခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ ၁၈
ဦးကို ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို
ထိခိုက်စေသဖြင့် ယင်းကဲ့သို့ အရေးယူရခြင်း ဖြစ်ကြောင်း၊ ခြေချုပ်နှင့်
ခံဝန်ဥပဒေဖြင့် ထပ်မံအရေးယူ ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ ကျူးကျော်တဲများကို
ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဖယ်ရှားခဲ့ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့တွင်
ဆက်လက် ဖျက်သိမ်းခဲ့ရာမှ ကျူးကျော်တဲများတွင် နေထိုင်သူများနှင့် ဝင်ရောက်
ဖျက်ဆီးသူတို့ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့က
ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူခံရသူ ၁၄ ဦးကို သက်ဆိုင်ရာ နယ်မြေ
ရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၆ ရက်နေ့က
တွံတေးမြို့နယ် ခလောက်ချိုက် မြို့မရဲစခန်းက ၁၈ ဦးကို ထပ်မံအရေးယူခဲ့ခြင်း
ဖြစ်ကြောင်း တွံတေး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ခလောက်ချိုက် ရဲစခန်းမှာ ၁၈ ဦးလုံးကို ထိန်းသိမ်းထားတယ်။ သက်ဆိုင်ရာ
မြို့နယ်ရဲစခန်းတွေကို လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။ ကျူးလွန်သူတွေကို
ဥပဒေအရ အရေးယူသွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ခြေချုပ်နှင့်
ခံဝန်ဥပဒေအရ အရေးယူ ခံရသူများမှာ လှိုင်သာယာမြို့နယ်မှ သန့်ဇင် (၃၉) နှစ်၊
နိုင်ဝေဇော် (၄၃) နှစ်၊ မောင်ဌေး (၂၂) နှစ်၊ ဦးတိုး (၅၂) နှစ်၊ ထွန်းထွန်း
(၄၆)နှစ်၊ မဝသုန် (၂၇) နှစ်၊ ထွန်းထွန်း (၃၆) နှစ်၊ အေးကြိုင် (၄၄)နှစ်၊
တင်အုန်း (၅၁) နှစ်၊ သက်စိုး (၃၂)နှစ်၊ ဇော်လင်း (၃၈) နှစ်၊ လမင်း (၂၅)
နှစ်၊ လှဝင်းသန်း (၃၇) နှစ်၊ ချစ်စမ်း (၃၈) နှစ်တို့ ဖြစ်ပြီး
ကျန်လေးဦးမှာ ဖျာပုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ ဘိုကလေးမြို့နယ်နှင့်
တောင်ဥက္ကလာပမြို့နယ်တို့မှ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ အရေးယူခံရသူ ၁၈ ဦးကို
ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) တို့ဖြင့် အရေးယူခဲ့ခြင်း
ဖြစ်ကြောင်း တွံတေး မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
No comments:
Post a Comment