ကော့သောင်းမြို့ ၊ အေးမြကန်သာရပ်ကွက် ၊ မြို့ ရေပေးဝေရေး ပုဂ္ဂလိကပိုင်
ရေကန် တစ်ခုအတွင်းရဲအရာရှိတစ်ဦး ကျရောက် သေဆုံး မှု ဖြစ်စဉ် တစ်ခု ဇန်န၀ါရီ
၁၅ ရက် နံနက် ပိုင်း ကဖြစ်ပွားသည်။
ဖြစ်စဉ်မှာဇန်န၀ါရီ ၁၅ ရက် နံနက်(၁၀)နာရီ ခန့် က ကော့သောင်းမြို့
၊အေးမြကန်သာရပ်ကွက်ဗိုလ်ချုပ်လမ်းဘေး ရှိ မြို့ ရေပေးဝေရေး ပုဂ္ဂလိကပိုင်
ရေကန် တစ်ခုအတွင်း လူသေအလောင်းတလောင်း
တွေ့ရှိကြောင်း သတင်းရရှိ သဖြင့်
မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှတာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး
နှင့်အဖွဲ့ဝင် များ မှ ဆယ်ယူ စစ်ဆေးကြည့်ရှု့ ရာ ကော့သောင်း
၊ခရိုင်ပြည်သူ့ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိ ၀န်ထမ်း ၊
ရဲအုပ် စိုးမင်း ဆိုသူ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။
သေဆုံးသူ ရဲအုပ်စိုးမင်း သည် ကျန်းမာရေးမကောင်းသဖြင့် လွန်ခဲ့သည့်
ရက်အနည်းငယ်ခန့် ကအေးမြကန်သာရပ်ကွက် တွင် ရှိသည့် ကော့သောင်း ခရိုင်
၊ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်ဆေးဝါးကုသမှုခံယူ နေရ သူဖြစ်ပြီး ၊ ဇန်န၀ါရီ
၁၄ ရက် ညပိုင်းတွင် ဆေးရုံမှ ပျောက်ဆုံး သွား သဖြင့် တာဝန်ရှိသူများ
မှလိုက်လံရှာဖွေ နေစဉ် အတွင်း ဇန်န၀ါရီ ၁၅ရက် နံနက်(၁၀)နာရီ ခန့်တွင်
ဆေးရုံကြီးနှင့် မနီးမဝေး အဆိုပါရေကန် အတွင်းသို့ ကျရောက်
သေဆုံးမှုဖြစ်ပွားခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ် နှင့် စပ်လျဉ်း ၍
ရဲအုပ်စိုးမင်း သေဆုံး ခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကို
မြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့ မှ ဆက်လက် အရေးယူ စုံစမ်း ဖေါ်ထုတ်
လျှက်ရှိကြောင်း သတင်းရရှိသည်။
MOI Webportal
No comments:
Post a Comment