အီရန်နိုင်ငံသည် ရုရှားနိုင်ငံမှ လွှဲပြောင်းပေးအပ်ရန် သဘောတူညီထားသည့် ရုရှားနိုင်ငံလုပ်
S-300 အမျိုးအစား လေကြောင်းရန် ကာကွယ်ရေးစနစ် အစား အခြားစနစ်တစ်ခု
အစားထိုးလွှဲပြောင်း လက်ခံနိုင်ရေး စဉ်းစားသုံးသပ် လျက်ရှိကြောင်း
အီရန်အဆင့်မြင့် ဥပဒေပြု အမတ်တစ်ဦးက ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ဖော်
ပြောကြားခဲ့သည် ဟု ဇန်နဝါရီ ၁၄ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ရုရှား နိုင်ငံသည် အမေရိကန် ဒေါ်လာ သန်း ၈ဝဝ တန်ဖိုးရှိပြီး လေယာဉ်
သို့မဟုတ် ပဲ့ထိန်းဒုံးကျည် များကို ပစ် ခတ်ချေမှုန်းနိုင် သည့် S-300
အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ခေတ်မီလေကြောင်းရန် ကာကွယ်ရေးစနစ် ငါးခု အား
အီရန်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ရေးဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို
၂ဝဝ၇ ခုနှစ်တွင် အီရန် နိုင်ငံနှင့် လက်မှတ် ရေးထိုးခဲ့သည်။ အီရန်နိုင်ငံ၏
အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု များ
မြင့်တက်ခဲ့ပြီး ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများ၊ အမေရိကန်နှင့်
အစ္စရေးနိုင်ငံ တို့၏ ပြင်းထန်သည့် ဖိ အားပေးမှု များကြောင့် ရုရှား
သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်သည် အဆိုပါ သဘောတူ စာချုပ်ကို ၂ဝ၁ဝ ပြည့်
နှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံ အနေဖြင့်
ရုရှားနိုင်ငံနှင့် သဘောတူညီ ထားခဲ့သည့် ယခင် သဘောတူညီချက် များအား အကောင်
အထည်ဖော် ဆောင်ရွက်ရေးအတွက် ရုရှား နိုင်ငံထံမှ တောင်းဆိုနေဆဲ ဖြစ်ကြောင်း၊
အီရန်နှင့် ရုရှားနိုင်ငံ တို့အ ကြား ဆက်ဆံရေး ပိုမို ကောင်းမွန်စေရေး
စဉ်းစားသုံးသပ်လျက် လက်ခံနိုင်ဖွယ် ရှိသော နည်းလမ်းတစ်ရပ်ဖြင့် အဆိုပါ
ပြဿနာကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် မျှော်မှန်းထားကြောင်း အီရန်
နိုင်ငံခြားရေး ဝန်ကြီး ဂျာဗတ်ဇာ ရစ်ဖ်က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု
သိရသည်။
မြ၀တီ
No comments:
Post a Comment