ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည်
၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန်
နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ်ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည်
မဟုတ်ကြောင်း မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင်
ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
မိမိတို့အနေဖြင့် အသေးအဖွဲ မတော်တဆ စစ်ရေးပဋိပက္ခများမှ မီးကုန်ယမ်းကုန်
တိုက်ခိုက်ရသည့် စစ်ပွဲအဖြစ်သို့ ဦးတည်သွားနိုင်သော အန္တရာယ်ရှိသည့်
အခြေအနေတစ် ရပ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောကြားခဲ့သည်။ ထို့ပြင်
၎င်းအနေဖြင့် ငြိမ်းချမ်းရေး အတွက် အနူးအညွတ် တောင်းဆိုလိမ့်မည်
မဟုတ်ကြောင်းနှင့် ရန်သူများအား တိုက်ခိုက်ရန် နျူကလီးယား
လက်နက်ပိုင်ဆိုင်ပြီး အင်အားတောင့်တင်းသည့် မြောက်ကိုရီးယား၏ ကာကွယ်ရေး
အစီအမံများနှင့်အတူ ဆုတ်ယုတ် ကုန်ခန်းသည်အထိ ကာကွယ်သွားရန် ကင်က ကတိပြု
ပြောကြားခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment