ဒီဇင်ဘာ ၃၁ ရက်က မန္တလေးအထွေထွေရော ဂါကုဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၇၀ ကျော် လာရောက်ကုသခဲ့ရာ ထိခိုက်ဒဏ်ရာရလူနာ ၁၀၀ ခန့်ပါဝင်ကြောင်း အရေးပေါ်ဌာန မှတ်တမ်းများအရ သိရသည်။
ဒီဇင်ဘာ ၃၁ ရက်တွင် လူနာစုစုပေါင်း ၁၇၇ ယော က် လာရောက်ဆေးကုသခံယူခဲ့ရာ ည ၁၂
နာ ရီကျော် နောက်ပိုင်း၌ အရေးပေါ်ဌာ န ပြင်ပလူနာ ဌာနတွင် ကုသပေးရသည့် လူနာ ၆၅
ယောက်ရှိပြီး ၂၅ ဦးမှာ ဆေးရုံ တက်ရောက် ကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
“မန္တလေးမှာ အခါကြီးရက်ကြီးနဲ့ အခုလို နှစ်သစ်အကြိုညတွေမှာ
ထိခိုက်ဒဏ်ရာကြောင့် လာရောက်ကုသတဲ့ လူနာများပြီး စုစုပေါင်း
လာရောက်ကုသတဲ့လူနာရဲ့ ထက်ဝက်လောက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ ပါတယ်” ဟု
အရေးပေါ်ဌာနတာဝန်ကျ သူနာပြုဆရာမတစ်ဦးက ပြောကြားသည်။
အရေးပေါ်ဌာန
ရဲမှတ်တမ်းများအရ ဒီဇင်ဘာ ၃၁ ရက်တွင် ခိုက်ရန်ဖြစ်ပွားမှုများ၊
ဆိုင်ကယ်မတော်တဆမှုများနှင့် အခြားဖြစ်စဉ်များကြောင့် ရောက်ရှိလာသည့် လူနာ
၇၀ ကျော်ရှိကြောင်း သိရသည်။
အသက်သေဆုံးသည့် လူတစ်ဦး ဆေးရုံသို့ရောက်ရှိလာသော်လည်း မည်သည့် ဖြစ်စဉ်ကြောင့် ရောက်ရှိလာခြင်း မသိကြောင်း သိရသည်။
နှစ်သစ်ကူးညက ကျုံးနံဘေးမှာ ယာဉ်တိုက်မှုကြောင့်ဖြစ်တဲ့ အရေးပေါ်လူနာ ၃
ယောက်ကို မန္တလေးဆေးရုံကြီးကို ပို့ပေးခဲ့ရတယ်။ မန္တလေးဆေးရုံကြီးမှာတော့
အခြားလူမှုကယ်ဆယ်ရေးအသင်းတွေကနေ လာပို့ တဲ့ လူနာတွေ တော်တော်များတာတွေ့ရတယ်”
ဟု နိဗ္ဗာန်သုခလူမှုကူညီရေးအသင်းမှ ယာဉ်မောင်းတစ်ဦး၏ ပြောကြားချက်အရ
သိရသည်။
Eleven Media Group
မန္တလေးမြို့တွင် ဒီဇင်ဘာ ၃၁ ရက် ညက နှစ်သစ်ကူးပွဲတော် ကျင်းပစဉ် (ဓာတ်ပုံ-အောင်သူ)
No comments:
Post a Comment