Pages

10.1.14

လက်ဆွဲအိတ်ထဲ ခိုးဝှက်လိုက်ပါလာသည့် အမျိုးသမီးကို အမေရိကန်ရဲ ဖမ်းမိ

မက္ကစီကိုနှင့် နယ်ခြားဒေသတွင် စောင့်ကြပ်သည့် လူဝင်မှု ကြီးကြပ်ရေး ရဲများက အဝတ်သေတ္တာ တစ်လုံးထဲတွင် ခိုးကြောင်ခိုးဝှက် ကျပ်ကျပ်တည်းတည်း လိုက်ပါလာသည့် အမျိုးသမီးကို ရှာတွေ့သွားခြင်း ဖြစ်သည်။


အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်ရန်အတွက် ခက်ခက်ခဲခဲ အားထုတ်ခဲ့သော်လည်း ကံဆိုးသည့် အမျိုးသမီးတစ်ဦးအား နယ်ခြားစောင့် ရဲများက ဖမ်းဆီးရမိသွားခဲ့သည်။ မက္ကစီကိုနှင့် နယ်ခြားဒေသတွင် စောင့်ကြပ်သည့် လူဝင်မှု ကြီးကြပ်ရေး ရဲများက အဝတ်သေတ္တာ တစ်လုံးထဲတွင် ခိုးကြောင်ခိုးဝှက် ကျပ်ကျပ်တည်းတည်း လိုက်ပါလာသည့် အမျိုးသမီးကို ရှာတွေ့သွားခြင်း ဖြစ်သည်။ အမေရိကန် နယ်ခြားစောင့် လုံခြုံရေး အရာရှိများက မော်တော်ကား တစ်စင်း၏ နောက်ဘက်ရှိ အဝတ်သေတ္တာထဲတွင် ဝင်ရောက်ပုန်းအောင်းနေသော အမျိုးသမီး တစ်ဦး၏ ဓာတ်ပုံကို ပြသခဲ့သည်။ သူမသည် ပွန်ကာမိုလ် မွန်ကိုလ်ဆာမ်ဆက်ခ် အမည်ရှိ ထိုင်းနိုင်ငံသူ တစ်ဦးဖြစ်သည်။

အမေရိကန်က သူမကို ပြည်နှင်ဒဏ် ပေးထားသော်လည်း နိုင်ငံအတွင်း တစ်ကျော့ပြန် ဝင်ရောက်ရန် ကြိုးစားမှုအတွက် ယခုအခါ စွဲချက်တင်ခံထားရပြီ ဖြစ်သည်။ သူမကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်သော်လည်း ယခုသီတင်းပတ်တွင်မှ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပွန်ကာမိုလ်သည် Honda SUV အမျိုးအစား မော်တော်ကား တစ်စင်း၏ နောက်ဘက်တွင် ခိုးဝှက်လိုက်ပါလာခြင်း ဖြစ်သည်။ အရာရှိများက အဝတ်သေတ္တာကို ဖွင့်ကြည့်သည့်အခါ အဝတ်အထည် အချို့အောက်တွင် ပုန်းအောင်းနေသည့် အမျိုးသမီးကို တွေ့ရှိခဲ့ခြင်းဟု သိရသည်။ ရဲတပ်ဖွဲ့သည် ကားကို မောင်းနှင်လာသည့် ဖီးနစ်နယ်သား အသက်(၅၆)နှစ်အရွယ် အမျိုးသား၏ အမည်ကိုမူ ကြေညာခြင်း မရှိခဲ့ချေ။

Planet Myanmar Network

No comments:

Post a Comment