မိတ္ထီလာမြို့ တောမကျေးရွာ အုပ်စု ရေချိုကျေးရွာ လူနေအိမ် ဝိုင်းတစ်ခုတွင်
တွင်းတူးရာမှတွေ့ ရှိရသည့် ရှေးဟောင်းငွေကွမ်း တောင်မီးခြစ်ကို
သက်ဆိုင်ရာသို့ အပ်နှံမည်ဖြစ်ကြောင်း လက်ဝယ် ပိုင်ဆိုင်ထားသူ ရေချိုကျေးရွာသား တစ်ဦးက ပြောသည်။
''ပွင့်ပွင့်လင်းလင်းပြောရရင် ဒီငွေကွမ်းတောင်မီးခြစ်ကို ဦး စတွေ့
တာမဟုတ်ဘူး။ ရွာထဲက လူငယ် တစ်ဦးက သူတို့အိမ်ဝိုင်းထဲမှာ
တွင်းတူးရင်းနဲ့တွေ့တာ။ ဦးဆီလာ ပြီးငွေကျပ် ၅ဝဝဝ နဲ့လာရောင်း
တော့ဝယ်ထားလိုက်တာ။ နောက် တော့သက်ဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှုဌာနကို
အပ်ရင်ကောင်း မယ်ဆိုပြီး စဉ်းစားမိတယ်''ဟု ငွေကွမ်းတောင်မီးခြစ်လက်ဝယ်
ပိုင်ဆိုင်ထားသူ ဦးလှမြင့်ကပြော သည်။
အဆိုပါငွေကွမ်းတောင်မီးခြစ်
သည် အမြင့် သုံးလက်မ၊ အချင်း နှစ်လက်မခန့်ရှိပြီး အောက်ခြေ အဝိုင်းပြားမှ
ဆွမ်းသပိတ်လုံး ကိုယ်ထည်၊ ¤င်းမှတစ်ဆင့် ဆွမ်း အုပ်ငယ်ပုံကို ငွေဖြင့်
ပုံဖော်ထားပြီး ဆွမ်းအုပ်ငယ်ပေါ်တွင် ကြေးမီး တိုင်တစ်ခုရှိကာ
ကြေးမီးတိုင်တွင် ဘီးငယ်တစ်ခုပါရှိသည်။ ကိုယ် ထည်အတွင်းလောင်စာဆီထည့်ပြီး
လောင်စာဆီထွက်ရန်နှင့် မီးစာ တပ်ဆင်ရန် အပေါက်ငယ်တစ်ခု ဘီးငယ်ရှေ့အနီးတွင်
ပါရှိသည်။ ရှေးဟောင်းမီးခြစ်၏ ပုံသဏ္ဌာန် မှာ ခြုံငုံကြည့်လျှင်
ကွမ်းတောင်နှင့် တူသဖြင့် ရှေးဟောင်းငွေကွမ်း
တောင်မီးခြစ်ဟု အမည်ပေးထား ခြင်းဖြစ်သည်။
The Union Daily
No comments:
Post a Comment