ကချင်ပြည်နယ်အတွင်း စစ်သားအဖြစ် စုဆောင်းခံရသည့်
ရှမ်းတိုင်းရင်းသားများနှင့် ပတ်သက်၍ KIA နှင့် ဆွေးနွေးနိုင်ရေးအတွက်
မြန်မာ့ငြိမ်းချမ်းရေး စင်တာသို့
ကမ်းလှမ်းထားကြောင်း
ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ ဦးစန်းဝေက The Daily Eleven သို့
ပြောကြားသည်။
ဦးစန်းဝေက “ကျွန်တော်တို့ စစ်သားအဖြစ်
စုဆောင်းခံရတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး KIA နဲ့
ဆွေးနွေးနိုင်ဖို့ကို MPC ကို ကမ်းလှမ်းထားပါတယ်။ ဒါက MPC က
လုပ်ပေးနိုင်မှပဲဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ့အတွက်က MPC ကတစ်ဆင့်
သွားမှရမယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ဘက်ကတော့ ဘာမှအကြောင်းပြန်မှု
မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ဆွေးနွေးဖို့ကိုတော့ ဒီဇင်ဘာ ၃၀ ရက်က
ကမ်းလှမ်းထားပါတယ်။ ကျွန်တော်တို့တွေ အနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး
လူထုဆန္ဒနဲ့ ထုတ်ဖော်တာထက် ဒီကမ်းလှမ်းမှုမျိုးက ပိုပြီးအောင်မြင်မလားဆိုပြီး
ယုံကြည်ထားပါတယ်” ဟု ပြောကြားသည်။
ဆွေးနွေးခွင့်ရမယ် ဆိုရင်တော့
အဓိက ဒီဖမ်းနေတဲ့ကိစ္စတွေ၊ စစ်သားစုဆောင်းခံနေရတာတွေနဲ့ ပတ်သက်ပြီးပဲ
အဓိကပြောပြသွားဖို့ ရှိတယ်။ ဒီနေရာမှာ ရှမ်းတိုင်းရင်းသားတွေ အတွက်သာမက
စစ်သားအဖြစ် စုဆောင်းခံရပြီး မိသားစုနဲ့ ကွဲကွာနေရတဲ့ ကချင်ပြည်သူတွေ
ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA က
ရှမ်းတိုင်းရင်းသားများအား တပ်သားသစ်စုဆောင်းမှုကြောင့် ဒီဇင်ဘာ ၂၀ ရက်က
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေး
အဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ရန် အစိုးရဌာနများသို့
တရားဝင်တောင်းခံခဲ့သော်လည်း ပြည်နယ်ရဲဌာန တာဝန်ရှိသူများက
ခွင့်မပြုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဆွေးနွေးခွင့်ရမယ်
ဆိုရင်တော့ အဓိက ဒီဖမ်းနေတဲ့ကိစ္စတွေ၊ စစ်သားစုဆောင်းခံနေရတာတွေနဲ့
ပတ်သက်ပြီးပဲ အဓိကပြောပြသွားဖို့ ရှိတယ်။ ဒီနေရာမှာ ရှမ်းတိုင်းရင်းသားတွေ
အတွက်သာမက စစ်သားအဖြစ် စုဆောင်းခံရပြီး မိသားစုနဲ့ ကွဲကွာနေရတဲ့
ကချင်ပြည်သူတွေ အားလုံးအတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးစန်းဝေက
ဆက်လက်ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍
မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက “ဒီကိစ္စက သူတို့ဟာသူတို့
ဆွေးနွေးလည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စင်တာကတော့ ဘယ်သူပဲဖြစ်ဖြစ်
ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့အခါ ဆွေးနွေးတာနဲ့
ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ ဘောင်ထဲကနေပဲ ဒီဘက်ကတော့ ဒီလိုရှိတယ်။
ဟိုလိုရှိတယ်ဆိုတာတော့ ပြောပြပေးသွားမှာပါ” ဟု ဆိုသည်။
အစိုးရစာရင်းအရ ဒီဇင်ဘာ ၇၊ ၈၊ ၁၃ ရက်တို့တွင် ကေအိုင်အေ
လက်နက်ကိုင်တပ်ဖွဲ့က ကချင်ပြည်နယ် မန်စီမြို့နယ် ပါတော်၊ ကုန်းခေါင်နှင့်
ဟန်ထက်ကျေးရွာအနီး ခပရာကျေးရွာတို့တွင် ဒေသခံ ၂၆ ဦးတို့အား
ဖမ်းခေါ်သွားခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်က ရှမ်းတိုင်းရင်းသား ၂၂ ဦးမှာ
ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ ပြောပြချက်အရ
လက်ရှိကချင်ပြည်နယ်တွင် ရှမ်းတိုင်းရင်းသား ငါးမျိုးရှိပြီး ကချင်ပြည်နယ်
လူဦးရေ၏ ထက်ဝက်ကျော် (ခုနစ်သိန်းကျော်)ရှိသည်ဟု ဆိုသော်လည်း
အစိုးရစာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာရှိကြောင်း သိရသည်။
ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားများ
မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် ဒီဇင်ဘာ ၂၀ ရက်က စုဝေးကြစဉ်
(ဓာတ်ပုံ-ထွန်းလင်းအောင်)
Eleven Media Group
No comments:
Post a Comment