Pages

10.2.14

ပုဂံဒေသသို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း ကမ္ဘာလှည့်ခရီးသွား တစ်ရက်လျှင် ပျမ်းမျှ ၉၅၅ ဦးနှုန်းဝင်ရောက်


ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုသည် တစ်ရက်လျှင် ပျမ်းမျှ ၉၅၅ ဦးနှုန်း ၀င်ရောက်လာခဲ့ကြောင်း ပုဂံဒေသ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ပြီးခဲ့တဲ့တစ်လလုံး ကမ္ဘာလှည့်ခရီးသွား သုံးသောင်းနီးပါး ၀င်ရောက်ခဲ့ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် တစ်ရက်ကို ကမ္ဘာလှည့်ခရီးသွား ၉၅၅ ဦး ၀င်ရောက်ခဲ့ပါတယ်” ဟု တာဝန်ရှိသူကဆိုသည်။
“ဧပြီလအထိ ခရီးသွားလုပ်ငန်း ကောင်းနေပါတယ်။ ဖေဖော်ဝါရီလနဲ့ နိုဝင်ဘာလတွေကတော့

နှစ်စဉ်အကောင်းဆုံးလတွေပေါ့။ ရေကြောင်း၊ လေကြောင်းကနေ ၀င်ရောက်လာတဲ့အထဲမှာ ဥရောပက အများဆုံးဝင်ရောက်နေပြီး တရုတ်နှစ်သစ်ကူး ကာလမှာတော့ တရုတ်ခရီးသွားတွေ များခဲ့ပါတယ်” ဟု ညောင်ဦးမြို့မှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဦးသန်းနိုင်ဦးက ပြောကြားသည်။

ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်လေ့လာ လည်ပတ်မှုသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းအသီးသီးမှ ၁၉၄၁၇၂ ဦး ၀င်ရောက်လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပုဂံရုံးခွဲ၏ စာရင်းများအရ သိရပြီး ဥရောပမှ ပြင်သစ်၊ ဂျာမန်လူမျိုးများ အများဆုံး ၀င်ရောက်ခဲ့ပြီး အာရှမှ ထိုင်းနှင့်ကိုရီးယားလူမျိုးများ အများဆုံး ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ပုဂံဒေသသို့ ၂၀၁၂ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား ၁၆၂၉၈၄ ဦးဝင်ရောက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း အများဆုံးဝင်ရောက်လာသော နိုင်ငံများမှာ ဥရောပမှ ပြင်သစ်နှင့် ဂျာမန်လူမျိုးများဖြစ်ပြီး အာရှမှ ထိုင်းနှင့်တောင်ကိုရီးယား ခရီးသွားများဖြစ်သည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း လာရောက်လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment