Pages

20.2.14

ကစားသမားလစာ ထိန်းချုပ်မှု ရှိ၊ မရှိ စစ်ဆေးမည်


ဆုအောင်|ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်။

၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီမစတင်မီတွင် ကစားသမားများအား အမြင့်ဆုံး လစာငွေ ကျပ် ၁၀ သိန်းသာပေးရန် ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက် သက်ဆိုင်ရာကလပ်အသင်းများက အမှန်တကယ် လိုက်နာမှု ရှိ၊ မရှိကို ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် အစည်းအဝေးခေါ်ယူကာ စစ်ဆေးမှုပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးရဲမျိုးဟိန်းက မဇ္ဈိမသို့ ပြောသည်။


မြန်မာနေရှယ်နယ်လိဂ်ကလပ်အသင်းများအနေဖြင့် ကစားသမားလစာ ထိန်းချုပ်ပြီးနောက် ပြင်ဆင်ချုပ်ဆိုရန် လိုအပ်သည့် စာချုပ်များကို ချုပ်ဆိုပြီးစီးကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားပြီး ဖြစ်သော် လည်း ကလပ်အသင်းတချို့မှာမူ ကစားသမားများအား ယခုအချိန်ထိ မူရင်းလစာများအတိုင်းပေးထားသည် ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဦးရဲမျိုးဟိန်းက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးရဲမျိုးဟိန်းက “ကလပ်အသင်းတွေ အားလုံးကတော့ ကျွန်တော်တို့ဘောလုံးအဖွဲ့ချုပ်ကို လစာထိန်းချုပ်ပြီး နောက် ပြင်ဆင်ချုပ်ဆိုရမယ့်စာချုပ်တွေ တင်ပြထားပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့က စစ်ဆေးစရာရှိတာကို တော့ စစ်ဆေးရဦးမှာပါ။ ချမှတ်ထားတဲ့အတိုင်း လိုက်နာသလားဆိုတာတွေကိုသိဖို့ ဖေဖော်ဝါရီလနောက်ဆုံး အပတ်မှာ အစည်းအဝေးခေါ်မယ်။ ပြီးရင်စစ်ဆေးမှုတချို့လုပ်ပါမယ်”ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment